မြေကွက်ဝယ်ဖို့သားက ပို့လာတဲ့ ငွေ (၁၅)သိန်းကို ဘဏ်ကထုတ်ပြီး လမ်းမှာခိုးယူခံရ

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်တဲ့ သားက မြေကွက်ဝယ်ဖို့ ငွေ(၁၅)သိန်းပို့လာတဲ့ပိုက်ဆံကို တာဟန်းရပ်ကွက် KBZ(2)ကနေငွေထုတ်ပြီး လမ်းမှာဝက်စာဝယ်စဉ် ခိုးယူမှု ဒီနေ့ နေ့လည်(၁)နာရီခန့်မှာဖြစ်ပွားပါတယ်။

နေကြာတိုက်မျက်နှာချင်းဆိုင် တောင်ဖီလာရပ်ကွက်အုပ်ချုပ်ရေးရုံအောက်က ပန်းချယ်ရီဆိုင်မှာ အခုလိုဖြစ်ပွားတာပါ။ (CCTV ဗီဒီယိုဖိုင်ကြည့်ရန် https://www.facebook.com/profile.php?id=100004556582340&hc_ref=ARTaHnQuE_GRnIuC-V-fm7G_w0qPnsx-H9lTJytKb9jXTQuZgDq16SbpYpzTuOXk6LI&fref=nf)

ဖြစ်စဉ်မှာ ကလေးမြို့နယ် စက္ကန့်ကျေးရွာနေ U Mal Sawm Lian(ဦးမာလ်ဆောမ်လျန်) (၄၅နှစ်)ဟာ ၎င်းတု့ိရွာမှာ မြေကွက်ဝယ်ဖို့ စင်ကာပူမှာ အလုပ်လုပ်တဲ့သားက သုံးလစာ စုဆောင်းပြီးပို့လာတဲ့ ငွေကို တာဟန်းရပ်ကွက်မှာရှိတဲ့ KBZ(2) ဘဏ်ကနေထုတ်ပြီး လမ်းမှာ ဝက်စာဝယ်စဉ် ဆိုင်ကယ်box ထဲကငွေတွေကို လူ (၄)ယောက်က အခုလိုခိုးယူခံရတာဖြစ်ပါတယ်။ ၎င်းဆိုင်ထဲဝင်တဲ့ချိန်နဲ့ အပြင်ထွက်လာတဲ့ချိန်ဟာ သုံးမနစ်လောက်ပဲကြာပါတယ်။ ဝက်စာဝယ်ပြီး ဆိုင်ကယ် box ပြန်ကြည့်တဲ့ချိန်မှာ ၎င်းငွေတွေအကုန်လုံးခိုးယူခံရတာသိရှိသွားပါတယ်။ ယင်းနောက် တာဟန်းရပ်ကွက် ရဲစခန်းကိုအကြောင်းကြားပြီး ၎င်းတို့က ဆိုင်နဲ့ ဘဏ်က CCTV ကို ပြန်လည်စစ်ဆေးပြီး ခိုးသားတွေရဲ့မျက်နှာမထင်ရှားတာကြောင့် ဆက်လက်စုံစမ်းဖို့ကြန့်ကြာနိုင်တယ်လို့ပြောပါတယ်။

U Mal Sawm Lian(ဦးမာလ်ဆောမ်လျန်)က “ကျနော့်သားက စင်ကာပူမှာ အထပ်(၄၀)လောက်မြင့်တဲ့ အိမ်တွေကို ဆေးသုတ်ပြီးမှ ရလာတဲ့ငွေကိုပို့လာခဲ့တာပါ။ အခု မြေကွက်ဝယ်ဖို့ဆိုတာလည်း သူပြန်လာရင်နေဖို့ပါ။ ခုထိ သူ့ကိုလည်း ပိုက်ဆံပျောက်တဲ့အကြောင်း မပြောပြရသေးဘူး။ သူများချွေနဲစာနဲ့ရလာတဲ့ငွေကို လွယ်လွယ်နဲ့ယူသွားရက်တယ်။ ရဲတွေလည် အဲ့လိုပြောတော့ ကျနော်ကတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး”လို့ပြောပါတယ်။

ဘဏ် CCTV ထဲမှာ ငွေခိုးသူတွေထဲက အင်္ကျီအဖြူနဲ့ ဦးထုပ်ဆောင်းတဲ့သူဟာ ဘဏ်အပြင်ဘက်မှာ ဆိုင်ကယ်တစ်စီးနဲ့ရပ်နေတာတွေ့ရပြီး ဦးမာလ်ဆောမ်လျန် ဘဏ်ကနေ အပြင်ထွက်ပြီးနောက် သူဖုန်းပွတ်နေတာတွေ့ရပြီး ဆိုင်ကယ်နဲ့လိုက်လာပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်