၁၀၂၇ စစ်ဆင်ရေးကြိုဆို ထောက်ခံတဲ့အနေဖြင့် မြို့သိမ်းအကြိုတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ CDF- Hakha ထုတ်ပြန်

၂၈၊ နိုဝင်ဘာ ၊၂၀၂၃
Zalen
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသော အနေဖြင့် Rung operation ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၈ ဦးဒဏ်ရာရရှိတယ်လို့ CDF –Hakha ဗဟိုကောင်စီ မှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင်ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၂၇ ရက် ကနေစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး သည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တစ်လပြည့်သည်နှင့် အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးအရှိန်မြှင့်ကြရန် တိုက်တွန်းချက်နှင့်အညီ ၁၀၂၇ စစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်သည့် အနေဖြင့် Chinland Defense Force –Hakha မှ နိုဝင်ဘာ ၂၆ ရက် နှင့် နိုဝင်ဘာ ၂၇ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဟားခါးမြို့ ပေါ်တွင်တိုက်ပွဲများဖော်ဆောင်ခဲ့ပါတယ်။

ထိုနှစ်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့ပြီး ၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ထို့အပြင် မိမိတို့ CDF –Hakha အနေဖြင့် နိုင်ငံရေးရည်မှန်းချက်တူညီသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီတိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမယ်လို့ထုန်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Zalen ad

သတင်း-Grace

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်