CDF-Mara ထိပ်ပိုင်းခေါင်းဆောင် နုတ်ထွက်ခြင်းနဲ့ CNA/F မှာ တာဝန်ထမ်းဆောင်နေတဲ့ မရာလူမျိုးတွေ ထောင်ချခံရဆိုတဲ့ သတင်းအမှား

ဖေဖော်ဝါရီ ၃၊ ၂၀၂၅။

Zalen

ချင်းကာကွယ်ရေးတပ် – မရာ ထိပ်ပိုင်းခေါင်းဆောင် နုတ်ထွက်ခြင်းနဲ့ ချင်းအမျိုးသားတပ်ဦး(CNA/F) မှာ တာဝန်ထမ်းဆောင်နေတဲ့ မရာလူမျိုးတွေ ဖမ်းဆီးထောင်ချခံနေရတယ်လို့ Vamahu Khaimiechho  အမည်ရှိ ဖေ့ဘွတ်အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေးသားဖြန့်ချီပါတယ်။

Vamahu Khaimiechho အကောင့်ပိုင်ရှင်က “CDF မရာ ထိပ်ပိုင်းခေါင်းဆောင် နုတ်ထွက်ခြင်းနှင့်အတူ CNA/F တွင် တာဝန်ထမ်းဆောင်နေသော မရာလူမျိုးများ ထောင်ချခံနေရ CDF မရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးသည် CDF မရာ တွင် တာဝန်မထမ်းဆောင်ချင်တော့ပဲ အပြီးအပိုင် နုတ်ထွက်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် CNA/F တွင် တာဝန်ထမ်းဆောင်နေသော မရာလူမျိုးများကိုလည်း CNA/ F မှ ထောင်အသီးသီးချနေကြောင့်သိရှိရသည်။” လို့ ရေးသားဖြန်ချီနေပါတယ်။

Zalen ad

မူးရင်းသတင်းလင့်ခ်

https://www.facebook.com/100010711805910/posts/2308756649491373

အဲဒီသတင်းကို ဒီနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့ ညနေထိ Reaction ပေးသူ ၁၃၅ ဦး၊ Comments ၃၁ ခု၊ Share ၄၄ ခုထိရှိပါတယ်။

စိစစ်တွေ့ရှိချက်

___________

Zalen Fact – Checking Team က စိစစ်ကြည့်တဲ့ခါ CDF- Mara ထိပ်ပိုင်းခေါင်းဆောင် နုတ်ထွက်ခြင်းနဲ့ CNA/F မှာ တာဝန်ထမ်းဆောင်နေတဲ့ မရာ (ချင်း) လူမျိုးတွေ ဖမ်းဆီးထောင်ချခံရတာ မတွေ့ရပါ။

ချင်းလဲန်းကောင်စီ(CC) အဖွဲ့ဝင်ဖြစ်တဲ့ CDF-Mara နဲ့ CNA/F တို့ကို တိုက်ခိုက်နေတဲ့ လူတွေက သက်သေအထောက်အထားမရှိဘဲနဲ့ အွန်လိုင်းပေါ်မှာ မဟုတ်မမှန်သတင်းတွေဖြန့်နေတာဖြစ်တဲ့အတွက် အလေးထားပြီး ဖြေရှင်းနေစရာမလိုဘူးလို့ CNA ပြောရေးဆိုခွင့် ဆလိုင်းထက်နီက ပြောပါတယ်။

“CNA ထဲက မရာ(ချင်း)လူမျိုးကို ဖမ်းဆီးပြီး ထောင်ချတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း မရာ(ချင်း)လူမျိုးပါ။ သူတို့ပြောတဲ့လူတွေက အရာရှိတွေပါ။ အခု ရှေ့တန်းအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဘာသက်သေအထောက်အထားလည်း မရှိဘူး။ မဖြစ်နိုင်တဲ့ကိစ္စတွေကို မဟုတ်မမှန်သတင်းတွေဖြန့်နေတဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ အလေးထားပြီး လိုက်ဖြေရှင်းမှာမဟုတ်ဘူး။” လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီးက ဆိုပါတယ်။

အလားတူ CDF-Mara မှာ တာဝန်ထမ်းဆောင်သူတွေ နည်းပါးတာ၊ မရာပြည်သူတွေ အမြဲသွားလာတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာ စတဲ့ဟာတွေမရှိသလို CDF-Mara ရဲ့ ထိပ်ပိုင်းခေါင်ဆောင်တစ်ဦးလည်း တာဝန်မှ နုတ်ထွက်လိုက်တယ်ဆိုတာမရှိဘူးလို့ CDF-Mara တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က ပြည်သူတွေရဲ့ထောက်ခံအားပေးမူနဲ့ရပ်တည်နေတာဖြစ်တယ်။ ပြည်သူတွေထောက်ခံအားပေးမူတွေမရှိရင် CDF-Mara အဖွဲ့ဟာ ပျက်သွားတာကြာပြီ။ အဲဒါကြောင့် ပြည်သူတွေ ဒုက္ခရောက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ အထူးသဖြင့် ပြည်သူတွေနေတဲ့ မြို့ရွာတွေမှာ မိုင်းထောင်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာ မလုပ်ဘူး။ မလုပ်လည်းမလုပ်ဘူး။ ပြီးတော့ ရဲဘော်တွေမရှိဘဲ CDF-Mara မရှိသလို ခေါင်းဆောင်မရှိဘဲ CDF-Mara ဆိုတာလည်းမဖြစ်နိုင်ဘူး။ ရဲဘော်တွေလျော့နည်းတာလည်းမရှိဘူး။ ခေါင်းဆောင်နုတ်ထွက်တာလည်းမရှိဘူး။” လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သုံးသပ်ချက်

________

အထက်ပါတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ CDF-Mara ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး နုတ်ထွက်ခြင်းနဲ့ CNA/F မှာ တာဝန်ထမ်းဆောင်နေတဲ့ မရာလူမျိုးတွေ ထောင်ချခံရဆိုတဲ့ အချက်အလက်မှာမမှန်ကန် သတင်းအမှားသာဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်