ကချင်စစ်ဘေးရှောင်ပြည်သူများအမြန်ဆုံးလွှတ်မြောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ တောင်းဆို

မြန်မာ့တပ်မတော်နှင့် KIA တို့ကြားတိုက်ပွဲကြောင်း ပိတ်မိနေသော တနိုင်းမြို့နယ် အောင်လောဒ့်ဒေသခံ နှစ်ထောင်ကျော်ကို အမြန်ဆုံးလွှတ်မြောက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂက ဧပြီလ(၂၅)ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ဒီထုတ်ပြန်ချက်ကို ကချင်လူငယ်အဖွဲ့တွေဆီကတဆင့် ပြည်ထောင်စု အစိုးရဆီပို့လိုက်တယ်။ အဓိက ဒီစာထုတ်ပြန်ရတဲ့အကြောင်းရင်းက ကချင်က တိုင်းရင်းတွေထဲမှာ   သွေးချင်းနီးဆုံးဖြစ်သလို ကျောင်းသားချင်းချင်းလည်းအမြဲတမ်းမိတ်သဟယရှိတယ်”ဟု ချင်းကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ဆလိုင်းဗန်ထောင်းထန်ကပြောသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဧပြီလအတွင်း ကချင်ပြည်နယ် တနိုင်းနှင့်ဖားကန့်ဒေသများတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်)တို့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး တနိုင်းမြို့နယ် အောင်လောဒ့်ဒေသခံပြည်သူ(၂၀၀၀)ကျော်ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ တိုက်ပွဲများအကြား ယနေ့ထိ ပိတ်မိနေဆဲဖြစ်သည်ဟုကြားသိရပါသည်။ အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွှယ်အိုများ၊ နာမကျန်းသူများ၊ ကျောင်းသားလူငယ်များနှင့် ဒဏ်ရာရရှိထားသူ အများအပြားပါဝင်လျက်ရှိပြီး အစာရေစာများပြတ်လပ်ကာ ဤ(၁၃)ရက်အတွင်း မည်သူည့်အကူအညီမျှ မရရှိသေးသည့်အပြင် ကျန်းမာရေးအခြေအနေများလည်း အလွန်ဆိုးရွားနေကြောင်း ကြားသိရခြင်းအတွက်လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

ထို့ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူများနှင့် တိုက်ပွဲအတွင်း ပိတ်မိလျက်ရှိသော အပြစ်မဲပြည်သူများ၏ ကြုံတွေ့ရသော အခက်အခဲနှင့်အသက်အန္တရာယ်အားလွန်စွာစိုးရိမ်ပူပန်လျက်လုံခြုံဘေးကင်းသော နေရပ်များသို့  ပြောင်းရွေ့ခိုလှုံခွင့်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ထောက်ပံ့မှုများအမြန်ဆုံးရရှိအောင် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးပါရန် အလေးအနက်တိုက်တွန်းတောင်းဆိုအပ်ပါသည်ဟုဖော်ပြထားသည်။

Zalen ad

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်