ကနေဒီတောင်ပေါ်မှာ စစ်ကောင်စီ ၁၂ ယောက်လေထီးနဲ့လာချရာ လေထီးမဖွင့်နိုင်လို့ တစ်ယောက် ချောက်ထဲကျ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က တပ်ကင်းစခန်းမှာ ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁နာရီခွဲလောက်က ရဟတ်ယာဉ်တစ်စီးနဲ့ စစ်ကောင်စီ ၁၂ ယောက်ကို လေထီးနဲ့လာချသွားတယ်လို့သတင်းရရှိပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ ၁၂ ယောက် လေထီးနဲ့ခုန်ချရာ တစ်ဦးက လေထီးမဖွင့်နိုင်တာကြောင့် ချောက်ထဲကျသွားတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်တွေထံကသိရတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “အဲ့သတင်းမှန်တယ်တဲ့။ သူတို့က အထုပ်တွေနဲ့ ဆင်းလာကြတယ်တဲ့။ အဲ့စခန်းက ဒေသခံကာကွယ်ရေးတပ်တွေက ဝိုင်းထားတာ ၃ လကျော်ကြာပြီဆိုတော့ ရိက္ခာလည်းမရှိတော့ဘူး။ ရေလည်း အောက်ဆင်းပြီး ခတ်လို့မရဘူး။ ထွက်ပြေးတဲ့သူလည်းများတယ်လေ။ ဒါကြောင့် ရိက္ခာကော အင်အားကော လာဖြည့်တာနေမယ်” လို့ပြောပါတယ်။

ကနေဒီတောင်ဟာ ဗျူဟာကျတဲ့ တောင်ကုန်းဖြစ်ပြီး အဲ့ဒီနေရာကနေ တီးတိန်မြို့၊ ကလေးမြို့ဘက်ကိုပါ အပေါ်စီးကနေ မြင်လို့ရပါတယ်။

Zalen ad

Zawgyi

ကေနဒီေတာင္ေပၚမွာ စစ္ေကာင္စီ ၁၂ ေယာက္ေလထီးနဲ႔လာခ်ရာ ေလထီးမဖြင့္ႏိုင္လို႔ တစ္ေယာက္ ေခ်ာက္ထဲက်

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ကေနဒီေတာင္ေပၚက တပ္ကင္းစခန္းမွာ ဒီေန႔ ဇန္နဝါရီ ၁၉ ရက္ ေန႔လည္ ၁နာရီခြဲေလာက္က ရဟတ္ယာဥ္တစ္စီးနဲ႔ စစ္ေကာင္စီ ၁၂ ေယာက္ကို ေလထီးနဲ႔လာခ်သြားတယ္လုိ႔သတင္းရရွိပါတယ္။

ရဟတ္ယာဥ္ေပၚကေန ၁၂ ေယာက္ ေလထီးနဲ႔ခုန္ခ်ရာ တစ္ဦးက ေလထီးမဖြင့္ႏိုင္တာေၾကာင့္ ေခ်ာက္ထဲက်သြားတယ္လုိ႔လည္း ေဒသခံကာကြယ္ေရးတပ္ေတြထံကသိရတယ္။

ေဒသကာကြယ္ေရးတပ္ဖြဲ႔က တာဝန္ရွိသူတစ္ဦးက “အဲ့သတင္းမွန္တယ္တဲ့။ သူတို႔က အထုပ္ေတြနဲ႔ ဆင္းလာၾကတယ္တဲ့။ အဲ့စခန္းက ေဒသခံကာကြယ္ေရးတပ္ေတြက ဝိုင္းထားတာ ၃ လေက်ာ္ၾကာၿပီဆုိေတာ့ ရိကၡာလည္းမရွိေတာ့ဘူး။ ေရလည္း ေအာက္ဆင္းၿပီး ခတ္လုိ႔မရဘူး။ ထြက္ေျပးတဲ့သူလည္းမ်ားတယ္ေလ။ ဒါေၾကာင့္ ရိကၡာေကာ အင္အားေကာ လာျဖည့္တာေနမယ္” လို႔ေျပာပါတယ္။

ကေနဒီေတာင္ဟာ ဗ်ဴဟာက်တဲ့ ေတာင္ကုန္းျဖစ္ၿပီး အဲ့ဒီေနရာကေန တီးတိန္ၿမိဳ႕၊ ကေလးၿမိဳ႕ဘက္ကိုပါ အေပၚစီးကေန ျမင္လို႔ရပါတယ္။

 

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်