အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆

Zalen ad

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အထိ အမ်းမြို့နယ်၊ ဒါးလက်ချောင်းရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၄ စီးတို့နဲ့ မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ အပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး အစုလိုက်အပြုံလိုက်သေဆုံးပြီး အပြင်းစား၊ အလတ်စား ဒဏ်ရာရရှိသူ ၃၂ ဦးရှိတယ်လို့ သိရပါတယ်။

ပြစ်ဒဏ်ကျခံနေရတဲ့ အရပ်သားပြည်သူအချို့လည်း သေဆုံးဒဏ်ရာရရှိမှုများ ရှိပြီး သေဆုံးသွားသော အလောင်းအချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးပျက်စီးသွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းစခန်းတခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

⚠️ သတိပြုရန် — အောက်ပါဓာတ်ပုံတွင် အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများရဲ့ စိုးရိမ်ဖွယ်မြင်ကွင်းများ ပါဝင်နိုင်ပါသည်။ Viewer discretion advised.

သတင်း-ဆလိုင်း

ဓာတ်ပုံ-AA Info Desk

#ရခိုင်ပြည်နယ်#အမ်းမြို့နယ်#စစ်သုံ့ပန်း #အကျဥ်းစခန်း#စစ်ကောင်စီ# ဗုံးကြဲ#ULA/AA#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုမ်လေဆိပ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်များပြန်လည် ရယူ၊ မြို့အနီးစစ်ရေးတင်းမာနေဆဲ

ဧပြီ ၂၅၊ ၂၀၂၆Zalen ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုန်​လေဆိပ် ပြန်လည် ရရှိ​ရေးတွက် အကြမ်းဖက်စစ်တပ်ဟာ မနေ့က ညပိုင်း ၁၀:၃၀ချိန်ထိအောင် ပြင်းထန်တဲ့ လေကြောင်းထိုးစစ်များပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီ ၂၅ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဖလမ်းမြို့သို့ ဝင်ရောက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်