ကန်ပက်လက်မြို့မှာဆန်ဝယ်ဖို့လာတဲ့ အဖွားထံ စစ်ကောင်စီတပ်က ပိုက်ဆံလုယူသွား

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ရဲလောင်းပန်းကျေးရွာက အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက မြို့ပေါ်မှာ ဆန်ဝယ်ဖို့လာစဉ် ဂိတ်မှာအကြမ်းဖက်စစ်ကောင်စီတပ်က ပိုက်ဆံလုယူသွားတယ်လို့သတင်းရရှိပါတယ်။

ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက “ဖြစ်တဲ့နေရာက မြို့ထဲ အထကကျောင်းရှေ့က စစ်ဆေးရေးဂိတ်မှာလုကြတာ။ ပိုက်ဆံ ၇ သောင်းပါသွားတယ်။ အမျိုးသမီးက ပိုက်ဆံပြန်တောင်းတော့ သေနတ်နဲ့ပစ်သတ်မယ်လို့ ပြန်ခြိမ်းခြောက်တယ်။ အဲ့ဒီဂိတ်မှာ ရဲနဲ့စစ်သား ၁၀ ယောက် ၁၅ ယောက်လောက်နေတတ်တယ်။ အဲ့လိုမျိုးတွေဖြစ်တတ်လို့ကျနော်တို့ဆို ဂိတ်တွေကိုရှောင်တယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့နဲ့ ရဲလောင်းပန်းကျေးရွာဟာ ၅ မိုင်ကျော်ကျော်ဝေးပြီး ယင်းအမျိုးသမီးဟာ ခြေခြေနဲ့မြို့ပေါ်တက်လာပြီး လက်ဗလာနဲ့ပြန်ကိုပြန်လှည့်ခဲ့ရတယ်လို့သိရတယ်။

Zawgyi

ကန္ပက္လက္ၿမိဳ႕မွာဆန္ဝယ္ဖို႔လာတဲ့ အဖြားထံ စစ္ေကာင္စီတပ္က ပိုက္ဆံလုယူသြား

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ ရဲေလာင္းပန္းေက်းရြာက အသက္ ၆၅ ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦးဟာ ဒီေန႔ ေအာက္တုိဘာ ၇ ရက္ မနက္ပိုင္းက ၿမိဳ႕ေပၚမွာ ဆန္ဝယ္ဖို႔လာစဥ္ ဂိတ္မွာအၾကမ္းဖက္စစ္ေကာင္စီတပ္က ပိုက္ဆံလုယူသြားတယ္လုိ႔သတင္းရရွိပါတယ္။

ကန္ပက္လက္ၿမိဳ႕ ေဒသခံတစ္ဦးက “ျဖစ္တဲ့ေနရာက ၿမိဳ႕ထဲ အထကေက်ာင္းေရွ႕က စစ္ေဆးေရးဂိတ္မွာလုၾကတာ။ ပိုက္ဆံ ၇ ေသာင္းပါသြားတယ္။ အမ်ဳးိသမီးက ပိုက္ဆံျပန္ေတာင္းေတာ့ ေသနတ္နဲ႔ပစ္သတ္မယ္လုိ႔ ျပန္ျခိမ္းေျခာက္တယ္။ အဲ့ဒီဂိတ္မွာ ရဲနဲ႔စစ္သား ၁၀ ေယာက္ ၁၅ ေယာက္ေလာက္ေနတတ္တယ္။ အဲ့လိုမ်ဳိးေတြျဖစ္တတ္လုိ႔က်ေနာ္တုိ႔ဆို ဂိတ္ေတြကိုေရွာင္တယ္” လို႔ေျပာပါတယ္။

ကန္ပက္လက္ၿမိဳ႕နဲ႔ ရဲေလာင္းပန္းေက်းရြာဟာ ၅ မိုင္ေက်ာ္ေက်ာ္ေဝးၿပီး ယင္းအမ်ဳိးသမီးဟာ ေျခေျခနဲ႔ၿမိဳ႕ေပၚတက္လာၿပီး လက္ဗလာနဲ႔ျပန္ကိုျပန္လွည့္ခဲ့ရတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်