ကန်ပလက်မြို့နယ်အတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်

ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်ရှိ ကျေးရွာများဖြစ်တဲ့ စံအိမ်နူးနှင့် ခိတောရွာတို့ကို မင်းတပ်အခြေစိုက် ခလရ ၂၇၄ ကနေ လက်နက်ကြီးများဖြင့် မနေ့ သြဂုတ် ၁၆ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က စပြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကန်ပလက်ဒေသခံများက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး တချို့သော လက်နက်ကြီးများဟာ မပေါက်ကွဲပဲ ၅ ကြိမ်လောက်သာ ပေါက်ကွဲခဲ့ကြောင်း ဆိုပါတယ်။ ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာတော့ မရှိကြောင်း ကန်ပလက် ဒေသခံများက ပြောပါတယ်။

မနေ့နှင့် ဒီနေ့မနက်တွင် ဆောနယ်ဘက်တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများ ရှိခဲ့ပြီး ကန်ပလက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော်လည်း နှစ်ဘက်ထိတွေ့မှုနဲ့ ပတ်သက်ပြီး ဆောဒေသကာကွယ်ရေးတပ်နှင့် ကန်ပလက်မြို့နယ်ဒေသကာကွယ်ရေးတပ်ကလည်း တစုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါ။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်