ကမ္ဘာကို ဝင်တိုက်နိုင်ခြေရှိတဲ့ဂြိုဟ်သိမ် Bennu ရဲ့ ကျောက်နမူနာတွေကို နာဆာရရှိ

ချစ်ခြင်းနွေ

၂၆၊ စက်တင်ဘာ၊ ၂၀၂၃။

နှစ်ပေါင်း ၃၀၀အတွင်း အာကာသကနေ ကမ္ဘာကို ၀င်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ် Bennu ရဲ့ အမှုန်အမွှား နမူနာ အပိုင်းအစတွေကို အမေရိကန် အာကာသ အေဂျင်စီ နာဆာက ရရှိခဲ့ပါတယ်။

Bennu ဂြိုလ်သိမ် ဂြိုလ်မွှားကို ၇ နှစ်ကြာ လေ့လာပြီးတဲ့နောက် Osiris-Rex အာကာသ ယာဉ်ထဲက နမူနာတွေ သယ်ဆောင်ပြီး ခွဲထွက်လာတဲ့ Capsule ယာဉ်ငယ်လေးနဲ့ ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို စက်တင်ဘာ ၂၄ရက်နေ့၊ တနင်္ဂနွေနေ့က လေထီးနဲ့ ဆင်းသက်လာတာဖြစ်ပါတယ်။

Zalen ad

ကားတာယာအရွယ်အစားလောက်ရှိတဲ့ အဲဒီ အလုံပိတ်အခန်းငယ်မှာ အပူဒဏ်ခံကိုယ်ထည်နဲ့ လေထီးတွေ ပါပြီး ကန့်သတ်မြေပြင်ပေါ်ကို ဖြည်းဖြည်းညှင်းညှင်း ကျဆင်းခဲ့တာဖြစ်ပါတယ်။

အဲဒီယာဥ်ငယ်ထဲမှာပါတဲ့ ကီလိုဂရမ် ၂၅၀ လောက်လေးတဲ့ နမူနာကျောက်ထုကျောက်စမှုန်တွေကို အရမ်းမြင့်မားတဲ့ပုံကြီးချဲ့မှုနဲ့ ခွဲခြမ်းစိတ်ဖြာမှာဖြစ်ပါတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

ဒီနမူနာကနေ နာဆာအဖွဲ့ဟာ တောင်သဖွယ်ဖြစ်နေတဲ့ ဂြိုဟ်သိမ် Bennuရဲ့အကြောင်းကို ပိုသိလာနိုင်သလို လွန်ခဲ့တဲ့နှစ် ၄.၆ ဘီလျံကတည်းကရှိနေတဲ့ နေအဖွဲ့အစည်း ဖွဲ့စည်းမှုအကြောင်း အတွင်းကျတဲ့အချက်အလက်အသစ်တွေ ထောက်ပံ့ပေးနိုင်သလို မြေကမ္ဘာမှာ သက်ရှိတွေဘယ်လိုပေါ်လာတယ်ဆိုတာပါ သိလာနိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အရင်က ဂျပန်နိုင်ငံဟာ လဘက်ရည်ဇွန်း တဇွန်းစာ  ဥက္ကာခဲ နမူနာတွေ အာကသထဲက ရယူခဲ့ဖူးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်