ကမ္ဘာ့နိုင်ငံ ၃ ပုံ ၁ ပုံ ယခုနှစ်တွင် စီးပွားရေးကျဆင်းမည်ဟု IMF ခန့်မှန်း

နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) အကြီးအကဲဖြစ်တဲ့ ခရစ်စတယ်လီးနားဂျော်ဂျီဗာ၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်ဟာ ၂၀၂၂ ထက် စီးပွားရေးအရ ပိုမိုဆိုးရွားလာမယ့် နှစ်ဖြစ်ကြောင်း၊ အမေရိကန်၊ အီးယူနှင့် တရုတ်နိုင်ငံက စီးပွားရေးများ ကျဆင်းလာမယ်ဟု ပြောပါတယ်။

ယူကရိန်းအရေး၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ ဘဏ်အတိုးနှုန်းမြှင့်တင်ခြင်းနှင့် ကိုဗစ်-၁၉ ပြန့်ပွားမှုတို့ကြောင့် နိုင်ငံတကာစီးပွားရေး ကျဆင်းနေချိန်တွင် IMF အကြီးအကဲက အခုလို ပြောကြားခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတွင် IMF ၏ ခန့်မှန်းချက်အရ ၂၀၂၃ နိုင်ငံတကာ စီးပွားရေးတိုးတက်မှု ကျဆင်းမည်ဟု ခန့်မှန်းခဲ့ပါတယ်။

“ကမ္ဘာ့နိုင်ငံ ၃ ပုံ ၁ ပုံဟာ ၂၀၂၃ ခုနှစ်တွင် စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်မတို့ ခန့်မှန်းထားတယ်။ နိုင်ငံတကာမှာ အခြေခံစီးပွားရေးကျဆင်းမှုကို လာမယ့်နှစ်တွင် ရှောင်ရှားနိုင်မယ်လို့ ကျွန်မတို့ ခန့်မှန်းထားသော်လည်း ဖြစ်နိုင်ခြေကလည်း အရမ်းကို မြင့်မားပါတယ်။ သို့သော်လည်း ဥရောပဟာ စီးပွားရေး ကျဆင်းမှုကို ရှောင်ရှားနိုင်မည်မဟုတ်သလို အမေရိကန်နိုင်ငံကလည်း စီးပွားရေးကျဆင်းမှုနဲ့ အရမ်းကို နီးစပ်လာနေတယ်” ဟု ခရစ်စတယ်လီးနားဂျော်ဂျီဗာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်မှု လုံးဝမရှိစေရေး မူဝါဒကို စွန့်လွှတ်လိုက်ပြီးနောက် စီးပွားရေး ပြန်လည် နလန်ထူလာစေဖို့ လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။ သို့သော်လည်း ခရစ်စတယ်လီးနားဂျော်ဂျီဗာ၏ ပြောကြားချက်အရ တရုတ်နိုင်ငံဟာလည်း ၂၀၂၃ အစောပိုင်းတွင် စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရမည်ဟု ပြောပါတယ်။

စီးပွားရေး တိုးတက်လာမှု နှေးကွေးလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများဟာ သူတို့ရဲ့ ငွေကို စီးပွားရေးကနေ ပြန်လည် ထုတ်သုံးလာနိုင်သောကြောင့် ဒါဟာ အထူးသဖြင့် ဆင်းရဲသော နိုင်ငံများကို ထိခိုက်စေနိုင်ကာ အရေးပါသော စွမ်းအင်နှင့် စားနပ်ရိက္ခာတင်ပို့မှုကို ငွေပေးချေရာတွင် အခက်တွေ့စေနိုင်ပါတယ်။

ဘဏ်အတိုးနှုန်း မြင့်တက်လာခြင်းဟာလည်း အခုမှ တိုးတက်လာသော စီးပွားရေးပိုင်ဆိုင်ထားသော နိုင်ငံများကို ထိခိုက်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ သူတို့၏ ကြွေးမြီဆပ်ရာတွင် စီန်ခေါ်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်