ကလေးတောင်ပိုင်းမှာတိုက်ပွဲဖြစ်ပွားရာ ဒေသခံခြောက်ထောင်ကျော်စစ်ရှောင်နေရ

ဇွန် ၁၇ရက်၊ ၂၀၂၃

 စစ်ကိုင်းတိုင်း၊ ကလေးမြို့ ​ တောင်ပိုင်း သာစည်ကျေးရွာအနီးမှာစစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်တာကြောင့်တိုက်ပွဲ ဖြစ်ပွားရာအနီးက သာစည်၊ ဇင်းကလင်း၊ ချင်းဆိုင်၊ လေးအိမ်စု၊ အဖွဲ့စက်၊ သုံးအိမ်စု ကျေးရွာပေါင်းခြောက်ရွာက ဒေသခံခြောက်ထောင်ကျော်ဟာ ဘေးလွတ်ရာတောတောင်တွေကိုထွက်ပြေး တိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲ ဖြစ်နေတော့မနေရဲဘူး။မနေ့ကကို ရွာထဲက ကလေးတယောက်လက်နက်ကြီး ထိသေတယ်။ နေအိမ်တွေလဲမီးရှို့ခံရတယ်။ ဒီနေ့လဲ စစ်တပ်က စစ်ကြောင်းလာတယ်ပြောတယ်။ မပြန်ရဲသေးဘူး”လို့ သာစည်ကျေးရွာဒေသခံအမျိုးသားတဦးကပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာတော့စစ်ကောင်စီတပ်တွေကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့်သာစည်ကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းအတွင်လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အသက်၄နှစ် ကလေးငယ်တဦးဝမ်းဗိုက်ထိမှန် သေဆုံးကာ၊ အသက်မပြည့်သေးတဲ့ကလေးငယ်နှစ်ဦးလဲလက်နက်​ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါအပြင်စစ်ကောင်စီတပ်တွေက သာစည်ကျေးရွာအတွင်းက နေအိမ် ၂လုံး၊ ဇင်းကလင်းကျေးရွာအတွင်းက နေအိမ်၉လုံးကို မီးရှို့ဖျက်ဆီးသွားတယ် လို့ဒေသခံတွေကပြောပါတယ်။

ဇင်းကလင်းဒေသခံတဦးပြောတာက “မနေ့က အိမ်၇လုံးမီးရှို့တယ်၊ ၂လုံးကတော့ သူတို့ ဘန်ကာဆောက်တာနဲ့မလွတ်လို့ဆိုပြီး ဘိုဒိုဇာနဲ့ထိုးဖြိုသွားတယ်။ သာစည်က​တော့ နေအိမ် ၂လုံးဆုံးရှုံးတယ်ကြားရတယ်။ အခုလဲ ဇင်ကလင်းရွာထဲ စစ်တပ်ကဘန်ကာလုပ်တပ်စွဲထားတယ်။”

ဒီနေ့မှာလဲ စစ်ကောင်စီတပ်တွေက မြို့ပေါ်ရပ်ကွက်တွေကို လုံခြုံရေးတင်းကြပ်စစ်ဆေးနေပြီးတော့ ၊​တောင်ပိုင်းကျေးရွာကနေရောက်လာတဲ့ ယာဥ်အသွားအလာဆိုင်ကယ်၊ ကား၊ ဟန်းဖုန်းတွေကို စစ်ဆေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကသတင်းမထုတ်ပြန်သေးသလို ​ဒေသကာကွယ်ရေးတပ်တွေကလဲသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ကလေးမြို့မှာတေ့ာ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ငါးသောင်းကျော်ရှိကာ၊အစားအသောက်၊ဆေးဝါးတွေလဲအရေးပေါ်လိုအပ်နေတယ်လို့စစ်ဘေးရှောင်အကူအညီပေးသူတွေကပြောပါတယ်။

ဇွန်၁၆ရက်၂၀၂၃သာစည်ကျေးရွာအတွင်းစစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့သည့်အိမ်ကိုမြင်တွေ့ရစဥ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်