ကလေးမြို့၊ တက္ကသိုလ်ကျောင်းသားများ မြို့ထဲက သူနာပြုသင်တန်းကျောင်းမှာပြောင်းရွေ့ တက်ရောက်နေကြ

၃၁၊ ဇူလိုင်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တက္ကသိုလ်တက်နေသူတွေဟာ ရှစ်မိုင် ကလေးတက္ကသိုလ်မှာ မတက်တော့ပဲ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာ တက်ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လကစပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာပဲ တက္ကသိုလ်ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေပါ ပြောင်းရွှေ့လာတာလို့ သိရပါတယ်။

Zalen ad

ကျောင်းသား၊ ကျောင်းသား နှစ်ရာ၀န်းကျင်လောက် တက်ရောက်ကြတယ်လို့ အနီးအနား နေထိုင်သူ‌တဲ့ဒေသခံတွေက ပြောပေမယ့် Zalen အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

” ကျောင်းစဖွင့်ကတည်းက ဒီသူနာပြုကျောင်းမှာ ပြောင်းပြီး တက်ကြတာ။ သူနာပြုကျောင်းတက်တဲ့သူ‌ တွေက ကျောင်းမတက်ကြဘူးလေ၊ အရင်ကဆို ဒီတိုင်းပဲထားတာ။ အခုတက္ကသိုလ်ကျောင်းသားတွေ ဒီကိုပြောင်းပြီး တက်တော့မှ ပြန်ဖွင့်တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပြီး ကျောင်းရှေ့မှာလည်း ကာကင်းတွေ ချထားတယ်လို့ ဆိုပါတယ်။

က‌လေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပါတယ်။

တိုက်ပွဲအတွင်းမှာ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော်ကို ကယ်ထုတ်ထိန်းသိမ်းထားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုအပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မေ ၂၇၊၂၀၂၆Zalen အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးခဲ့ရာကနေ ...

ဆက်ဖတ်ရန်