ကလေးမော်လိုက်အကျဉ်းထောင်က ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီးခံရသူများ တစ်ကြိမ်မျှ ရုံးထုတ်စစ်ဆေးမှုမရှိသေးဟုဆို

အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီးခံရတဲ့ ကလေးမြို့နယ်မော်လိုက်အကျဉ်းထောင်က လူငယ်များ ခုထိ တစ်ကြိမ်မျှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရတဲ့မိဘတွေထံမှသတင်းရရှိပါတယ်။

ဖမ်းဆီးခံလူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက “၅၀၅ တွေကို ရုံးထုတ်မစစ်ဆေးသေးဘူး။ တခြားချင်းတောင်၊ ကလေးဝ နဲ့ မင်းကင်းဘက်ကတော့ စစ်တယ်။ ကလေးမြို့မှာ ရုံးထုတ်မစစ်တာက သူတို့သဘောဖြစ်နေတယ်” လို့ပြောပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီးခံရသူ အနည်းဆုံး ၇၀ ဦးခန့်ရှိမယ်လို့ ဆန္ဒပြသပိတ်ဦးဆောင်သူတစ်ယောက်ကပြောပါတယ်။ ၎င်းတို့အတွက် ရှေ့နေလိုက်ပေးတဲ့ အဖွဲ့အစည်းမရှိဘူးလို့လည်းသိရပါတယ်။

(Zawgyi)
ကေလးေမာ္လိုက္အက်ဥ္းေထာင္က ပုဒ္မ ၅၀၅ နဲ႔ဖမ္းဆီးခံရသူမ်ား တစ္ၾကိမ္မွ် ရံုးထုတ္စစ္ေဆးမႈမရွိေသးဟုဆို

Zalen ad

အာဏာသိမ္းၿပီးေနာက္ပိုင္း ပုဒ္မ ၅၀၅ နဲ႔ဖမ္းဆီးခံရတဲ့ ကေလးၿမိဳ႕နယ္ေမာ္လုိက္အက်ဥ္းေထာင္က လူငယ္မ်ား ခုထိ တစ္ၾကိမ္မွ် ရံုးထုတ္စစ္ေဆးျခင္းမရွိေသးဘူးလို႔ ဖမ္းဆီးခံရတဲ့မိဘေတြထံမွသတင္းရရွိပါတယ္။

ဖမ္းဆီးခံလူငယ္ေတြနဲ႔ နီးစပ္သူတစ္ဦးက “၅၀၅ ေတြကို ရံုးထုတ္မစစ္ေဆးေသးဘူး။ တျခားခ်င္းေတာင္၊ ကေလးဝ နဲ႔ မင္းကင္းဘက္ကေတာ့ စစ္တယ္။ ကေလးၿမိဳ႕မွာ ရံုးထုတ္မစစ္တာက သူတုိ႔သေဘာျဖစ္ေနတယ္” လို႔ေျပာပါတယ္။

လက္ရွိ ကေလးၿမိဳ႕နယ္မွာ ပုဒ္မ ၅၀၅ နဲ႔ဖမ္းဆီးခံရသူ အနည္းဆံုး ၇၀ ဦးခန္႔ရွိမယ္လို႔ ဆႏၵျပသပိတ္ဦးေဆာင္သူတစ္ေယာက္ကေျပာပါတယ္။ ၄င္းတုိ႔အတြက္ ေရွ႕ေနလုိက္ေပးတဲ့ အဖြဲ႔အစည္းမရွိဘူးလို႔လည္းသိရပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်