ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရသူ ၄၀၄ ဦးအထိ ရှိလာ

ဇန်နဝါရီ ၂၁၊ ၂၀၂၆
Zalen

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ နှောက်ယှက်ဟန့်တားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ အရေးယူခံထားရသူ ၄၀၄ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးအရေးယူခံရသူတွေဟာ ၂၀၂၅၊ ဇူလိုက် ၂၅ ရက် ကနေ ၂၀၂၆ ဇန်နဝါရီ ၁၉ ရက်အထိ ရွေးကောက်ပွဲကို နှောင့်ယှက်လို့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောလိုက်ပါတယ်။

ဖမ်းဆီးအရေးယူမှု ၃၃၁ မှုထဲမှာ အမျိုးသားက ၃၂၄ ယောက်၊ အမျိုးသမီးက ၈၀ ယောက်ပါနေတယ်လို့လည်း ဆိုတယ်။
ရဲချုပ်ရုံးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၃) လုံခြုံရေးအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောခဲ့တာပါ။

Zalen ad

လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၁ ခုမှာ ရွေးကောက်ပွဲအပိုင်း (၃) ကို ဆက်ပြီး ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲကို ထိခိုက်စေတယ်လို့ ယူဆတဲ့ လှုံ့ဆော်ဝါဒဖြန့်တာတွေကိုလည်း ဆက်တိုက် အရေးယူသွားမယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ မဲပေးသူက ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိပြီး အပိုင်း (၂) မှာတော့ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ပြောတယ်။

အပိုင်း (၃) ကို အောင်မြင်အောင်လုပ်နိုင်ဖို့ လုံခြုံရေးအင်အားတွေကို ပိုတိုးပြီး ချထားမယ်လို့လည်း ဆိုလိုက်တယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို အောင်မြင်ဖို့တသက်တကျွန်းက‌နေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ” ရွေးကောက်ပွဲနှောင့်ယှက်မှုကာကွယ်ရေးဥပဒေ” ကို ၂၀၂၅ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲ ဝေဖန် ပြောဆိုရေးသားသူတွေကို ဖမ်းဆီးထောင်နေပါတယ်။

သတင်း-Mary
ဓာတ်ပုံ-လူမှုကွန်ယက်
#ရွေးကောက်ပွဲ#စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်