ကလေးမြို့ကိုဗစ်စင်တာသို့ ချင်းစုရွာလူထုက ဆန်နဲ့ လယ်ယာထွက်သီးနှံ့တွေလှူဒါန်း

ကလေးမြို့နယ် ချင်းစုကျေးရွာပြည်သူလူထုက ၎င်းတို့လယ်ယာထွက်သီးနှံ့နဲ့ ဆန်ကို ကလေးမြို့ အိတ်စွပ်ကိုဗစ်စင်တာနဲ့ တိုင်းရင်းဆေးရုံကိုဗစ်ကုသရေးဆောင်က လူနာတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ယနေ့ဇူလိုင် ၂၅ ရက်က လာရာက်လှူဒါန်းကြတယ်လို့သတင်းရရှိပါတယ်။

အိတ်စွပ်ကိုဗစ်စင်တာတွင် ဆန် ၅ အိတ်၊ ကြက်သွန်နီ ၁ အိတ်၊ ကြက်သွန်နီ အိတ်ဝက်၊ ကုလားပဲ ၁ ပုံး၊ ပဲဇင်းငုံ ၆ ပြည်၊ ပဲယင်း ၂ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၃ ထုပ်၊ Royal D ၁ ဖာ၊ နဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး ၁ အိတ်လှူဒါန်းထားပါတယ်။

ဒါ့ပြင် တိုင်းရင်းဆေးရုံက ကိုဗစ်ကုသဆောင်တွင် ဆန် ၆ အိတ်၊ ကြက်သွန်နီ ၁ အိတ်၊ ကြက်သွန်ဖြူ အိတ်ဝက်၊ ပဲဇင်းငုံ ၆ အိတ်၊ ကုလားပဲ ၁ ပုံး၊ ပဲနီ ၃ ပြည်၊ ပဲယင်း ၅ ပြည်၊ ဆား ၃ ထုပ်၊ BPI ၁၆ ထုပ်လှူဒါန်းပါတယ်။

ယခင်ကလည်း ချင်းစုကျေးရွာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကော်မတီက တိုင်းရင်းဆေးရုံ ကိုဗစ်ကုသဆောင်သို့ ၅ သိန်းလှူဒါန်းခဲ့ဖူးပါတယ်။

(Zawgyi)





နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်