တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ဆွေးနွေးမယ်

ဖေဖော်ဝါရီလ ၁၅ရက်၊ ၂၀၂၅

Zalen

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတပ်တို့ ကူမင်းမြို့မှာ တွေ့ဆုံမယ်လို့ PSLF/TNLA က ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေး ပြဿနာတွေကို ပြေလည်ဖို့အတွက် PSLF/ TNLA နဲ့ စစ်ကောင်စီတပ်တို့ မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကူမင်းမြို့မှာ ဆွေးနွေးမှာဖြစ်ပြီးတော့ ဆွေးနွေးဖို့ အသေးအစိတ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Zalen ad

အဲဒီ ဆွေးနွေးဖို့အတွက် PSLF/TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ဟာ ကူမင်းမြို့ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ဆွေးနွေးခဲ့တဲ့ ကစထ (၁) ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ကြမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

PSLF/TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၁၁) မြို့အပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ရွာတွေမှာ နေ့စဥ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမူတွေရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ပွဲ အဆုံးသတ်ရန် ထရမ့်နှင့် အီရန်သမ္မတတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး

ဇွန် ၁၈၊ ၂၀၂၆Zalen အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန်တို့ဟာ ဇွန်လ ၁၇ ရက်နေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို ဒီဂျစ်တယ်စနစ်ကနေတစ်ဆင့် လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ဒီသဘောတူညီချက်အရ အီရန်အစိုးရဘက်က သူတို့ ...

ဆက်ဖတ်ရန်