ကလေးမြို့နယ်တောင်ဘက် သာယာကုန်းရွာအနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ၃ရက်ကြာတိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၃ ဦးကျဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကြတယ်လို့ သက်ဆိုင်ရာကသတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ် ၃ ရက်နေ့တွင် PDF (Kalay)တပ်ဖွဲ့က တစ်ဦးကျဆုံးပြီး ယနေ့ သြဂုတ် ၄ ရက်တွင် ပ.က.ဖတပ်ဖွဲ့ဝင် ၂ ဦးထပ်မံကျဆုံးသွားတယ်လို့သိရတယ်။
ဒါ့ပြင် PDF (Kalay) တပ်ဖွဲဝင် ၁၀ ဦး၊ CNDF – Vakok တပ်ဖွဲဝင် ၂ ဦး ၊ ပ.က.ဖ တပ်ဖွဲဝင် ၄ ဦး၊ RKDF တပ်ဖွဲဝင် ၁ ဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြပါတယ်။
အခုလို ကျဆုံးနဲ့ ဒဏ်ရာရရှိသူများတာဟာ အာဏာသိမ်းစစ်ကောင်စီတပ်က ကလေးနည်းပညာတက္ကသိုလ်နဲ့ ကလေးမြိုအတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းမှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တာကြောင့်လို့လည်းသိရတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် သာယာကုန်းရွာအတွင်း လက်နက်ကြီးပစ်လို့ လူနေအိမ်တွေပျက်စီးသလို မီးရှို့လို့လူနေအိမ် ၅ လုံးမီးလောင်သွားပါတယ်။