ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ် လူတစ်ဦးသေဆုံး

ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ကိုဗစ်လူနာရှိတဲ့အိမ်မှာ Home Quarantine လုပ်ထားစဉ် အသက် (၈၂)အရွယ်အမျိုးသားတစ်ဦးဟာ မနေ့ညကသေဆုံးသွားကြောင်းသတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ ယင်းအမျိုးသားရဲ့ swab ကိုယူကာ ကလေးမြို့တွင်စစ်ဆေးရာ ဒီနေ့ညနေပိုင်းတွင် ကိုဗစ်-၁၉ Positive ဖြစ်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီ သတင်းနဲ့ပြန်ကြားရေးကော်မတီက တာဝန်ခံ ကိုသန့်စင်က “သူက ကိုဗစ်-၁၉ရောဂါလူနာရှိတဲ့ Home Quarantine လုပ်ထားတဲ့အိမ်ကပါ။ သေဆုံးပြီးတော့ swab ယူထားပြီးစစ်ဆေးပါတယ်။ သေတာက မနေ့ကည သခေါင်လောက်ကသေသွားတယ်” လို့ပြောပါတယ်။

၎င်းဟာ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားတဲ့ ပထမဆုံး လူနာဖြစ်ပါတယ်။ လက်ရှိ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါလူနာ (၅၃)ဦးရှိပြီး တိုင်းရင်းဆေးရုံနဲ့ အိတ်စွပ်ပြည်သူ့အငှားအိမ်ရာတွင် ကုသစောင့်ရှောက်လျက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်