ကလေးမြို့တွင် ပြည်သူ့စစ်အဖွဲ့ထံ စစ်ကောင်စီက ဆိုင်ကယ်အစီး ၁၂၀ ပေးအပ်

ကလေးမြို့တွင် စစ်ကောင်စီကျောထောက်နောက်ခံ ပြည်သူ့စစ်အဖွဲ့အား ဒကစ(ကလေး)၌ ဩဂုတ် ၁၉ က ဆိုင်ကယ်အစီး ၁၂၀ ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် လူမှုကွန်ရက်များတွင် ရေးသားကြပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ဝန်းရှိ အောင်ဆန်းခန်းမ၌ ယမန်နေ့က အခမ်းအနားပုံစံဖြင့် ကျင်းပခဲ့ပြီး ခန်းမအတွင်း ဝဲယာဘက်၌ အဆိုပါဆိုင်ကယ်များကို စီတန်းထားပါတယ်။

ပေးအပ်သည့်ဆိုင်ကယ်များမှာ 125/110(ဒေသအခေါ် ရုပ်ဆိုး) ဆိုင်ကယ်အမျိုးအစားများဖြစ်ပါတယ်။

အလားတူ ယနေ့ ဩဂုတ် ၂၀ တွင် မကွေးတိုင်း ပခုက္ကူမြို့နယ်တွင်လည်း ပြည်သူ့စစ်များအား ဆိုင်ကယ်များပေးအပ်ကြောင်း စစ်ကောင်စီအားပေး တယ်လီဂရမ်များတွင် ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်