ကလေးမြို့တွင် လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီအထိနာ၊ ပြည်သူထိခိုက်သေဆုံးမှုများရှိ

HAK/၂၉ စက်တင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်တွင် ခြေကုပ်တပ်စွဲထားတဲ့စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့မှယနေ့ ၂၉စက်တင်ဘာရက်နေ့အထိ ထိတွေ့ပစ်ခတ်မှုများရှိနေကြောင်း သိရပါတယ်။

တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ပြောဆိုချက်အရ ”မနေ့ကဆိုရင် မြို့လှသင်္ချိုင်းနားမှာ မိုင်းဆွဲခံရတာ တပ်တွင်းအသိကိုမေးကြည့်တော့စစ်သားတွေ အထိနာများတယ်။ အကြီးပိုင်းတစ်ယောက်လည်းပါတယ်ကြားတယ်။ မိုင်းဆွဲခံရပြီးတော့ သူတို့လူနာတွေကို ကားနဲ့သယ်သွားတယ်။ လက်နက်ကြီးလည်း တောက်လျှောက်ထုတော့တာပဲ”လို့သူကပြောပါတယ်။

ယမန်နေ့ညမှာပဲလက်နက်ကြီး ရမ်းသမ်းထုခဲ့ပြီး ကလေးမြို့တပ်ဦးသီတာရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးဖခင်ဖြစ်သူမှာ ဒဏ်ရာစိုးရိမ်ရကြောင်းဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ယနေ့ စက်တင်ဘာ ၂၉ ရက်တွင်လည်း မြို့လှတွင်နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု ၂နာရီအကြာဖြစ်ပွား ရှိခဲ့ပြီး စနိုက်ပါဖြင့်ချောင်းပစ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စစ်ကောင်စီ အထိနာမှုကြောင့် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးမြို့လှရပ်ကွက်ရှိ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အဖေဖြစ်သူမှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးထံက ထပ်မံသိရှိရပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း၊မြောက်ပိုင်းဆက်လက် စစ်ရေးတင်းမှာမှုများရှိနေပြီးကလေးတောင်ပိုင်းမှာလည်း ဖုန်းလိုင်းဖြတ်တောက်မှုများရှိနေကြောင်းလည်းသိရပါတယ်။

နောက်ဆုံးရသတင်းများ

တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာဒေသခံများ စစ်ဘေးရှောင် ၁၃၀၀ ကျော်လာ

========== ၁၀၊ ဒီဇင်ဘာ၊ ၂၀၂၃။ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်း တမူး-အောင်ဇေယျလမ်း ကူကီးချင်းလူမျိုးနေထိုင်တဲ့ တုံးကျော်ကျေးရွာဒေသခံများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်‌ ပြေးတိမ်းရှောင်နေသူဟာ ဒီဇင်ဘာလ ၉ ရက်နေတွင် ၁၃၀၀‌ ကျော်ရှိနေပြီလို့ဒေသခံရပ်မိရပ်ဖတစ်ဦးပြောပြပါတယ်။ ယခုလို စစ်ဘေးရှောင်များပြားလာခြင်းဟာ ...

ဆက်ဖတ်ရန်