ကလေးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးရဲ့ ပိုစတာများ ဖြုတ်ချခံရ

ကလေးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးရဲ့ ဗီနိုင်းပိုစတာ (၂၉)ချပ်ကို မနေ့ည ၆ နာရီခွဲခန့်က အမည်မသိလူတစ်ဦးက လိုက်ဖြုတ်နေတယ်လို့သတင်းရရှိပါတယ်။

ဗီနိုင်းပိုစတာ ဖြုတ်ချခံရတဲ့ ကိုယ်စလှယ်လောင်းတွေကတော့ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာအမတ်လောင်း ဦးလာလ်ထန်ကြွမ်း (တစ်သီးပုဂ္ဂလ) ပိုစတာ (၂၅)ချုပ်၊ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာအမတ်လောင်း ဦးဘွန်းဇနန်း- Pu Vum Za Nang (တစ်သီးပုဂ္ဂလ) ပိုစတာ (၁)ချပ်၊ DNP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဗန်လာလ်မွန် ရဲ့ ပိုစတာ (၂)ချပ် နဲ့ Pu Tuang Lam Thang ရဲ့ ပိုစတာ ၁ ချပ် ပါဝင်ပါတယ်။ ဒါ့ပြင် ကိုဗစ်-၁၉ ပညာပေး ပိုစတာ (၂)ခုလည်း ဖြုတ်ထားပါတယ်။

ချင်းရေးရာအမတ်လောင်း ဦးလာလ်ထန်ကြွမ်း ဝန်းရံသူ ဆလိုင်းမာလျန်က “မနေ့ညက လူတစ်ယောက်က ပိုစတာတွေလိုက်ဖြုတ်နေတယ်ဆိုလို့အမြန်လိုက်သွားတယ်။ ဒါပေမယ့်မမှီတော့ဘူး။ တစ်ယောက်က ဗီဒီယိုမှတ်တမ်းယူထားတာတော့တွေ့တယ်။ လမ်းပေါ်က လူ ၄ ယောက်လောက်လည်းမေးကြည့်တာ ပိုစတာတွေဖြုတ်တဲ့သူက စိတ်ဝေဒနာရှင်လို့ပြောတယ်။ ဒါကြောင့် ကျနော်တို့လည်း ဘယ်လိုရှေ့ဆက်ဆောင်ရွက်ရမလဲဆိုတာ မပြောတတ်ဘူး။ ဗီနိုင်းတွေဖြုတ်တဲ့နေရာက လမ်းဆုံတစ်ဝိုက်မှာအများဆုံးပဲ။ စည်ပင်ရုံးရှေ့တို့၊ မင်းကြီးဟိုတယ်ထိ ဖြုတ်ချခံရတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်