ကလေးမြို့နယ်တွင်လူ(၃၀)ဦးထက်မပိုဘဲ ဘာသာရေးဆိုင်ရာ အခမ်းအနားကျင်းပခွင့်ပြု

ကလေးမြို့နယ်တွင် ၁ လကြိုတင်ခွင့်ပြုချက်တောင်းခံပြီးမှ ဘာသာရေးဆိုင်ရာ အခမ်းအနားကျင်းပခွင့်ပြုမယ်လို့ ဇူလိုင် (၂၈)ရက်က မြို့နယ် သာသာနာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်က “ဘာသာရေးဆိုင်ရာ အခမ်းအနားဆိုတဲ့ထဲမှာ ဘုရားကျောင်းမှာပုံမှန် ဝတ်ပြုတာတော့မပါသေးဘူး။ ဒီစာရဲ့ဆိုလိုရင်းက နှစ်သစ်ကူးပွဲတွေ၊ ခရစ္စမတ်ပွဲတွေလို၊ ကျေးဇူးတော်ချီးမွမ်းပွဲတွေပဲပါဝင်ပါတယ်။ ဘုရားကျောင်းပြန်ဖွင့်ဖို့ကတော့ အားလုံးကြိုးစားရအုံးမယ်” လို့ပြောပါတယ်။

ကလေးမြို့နယ် သာသာနာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်ထဲတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်မည်ဆိုပါက အသေးစိတ်အစီအမံများနှင့် အတူ အခမ်းအနားကျင်းပပြုလုပ်မည့်ရက်မတိုင်မီ (၁)လ ကြိုတင်ပေးပို့တင်ပြရန် နှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ကျင်းပဆောင်ရွက်ရန်၊

(က)အခမ်းအနားဆောင်ရွက်မည့် အသေးစိတ်အစီအမံများအား ကျင်းပပြုလုပ်မည့်ရက် မတိုင်မီ ရသတ္တ (၃)့တ်ကြိုတင်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့သွားရန်၊

Zalen ad

(ခ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူသွားရန်၊

(ဂ) အခမ်းအနားကျင်းပခြင်းနှင့်စပ်လျဉ်း၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ သဘောထားတောင်းခံပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုရန်သင့် /မသင့်ပြန်လည်တင်ပြရန်၊ ခွင့်ပြုသင့်သည်ဟု ယူဆပါက လူ (၃၀) ဦးထက်မပိုစေဘဲကျင်းပနိုင်ရေးလိုက်နာရမည့်စည်းကမ်းချက်များကို ပူးတွဲတင်ပြသွားရန် လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်