ကလေးမြို့နယ် စည်ပင်ကြီး ခေါ်လက်ပံခုံကျေးရွာက ဒလန် ဒေါ်လှလှဌေး (၄၀ နှစ်ခန့်)ကို အမည်မသိလူတစုက နေအိမ်တွင် မနေ့ စက်တင်ဘာ ၁၇ ရက် ညနေ ၇ နာရီလောက်က ဓားနဲ့ထိုးသတ်ခံရတယ်လို့သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ဒေါ်လှလှဌေးဟာ အိမ်ရှေ့မှာဆိုင်စောင့်နေစဉ် ဆိုင်ကယ် ၃ စီးနဲ့အမည်မသိလူတွေရောက်လာကာ အိမ်ထဲသို့ခေါ်ဆောင်ပြီး ဓားနဲ့ထိုးသတ်ကြပါတယ်။ ဒါကြောင့် ဒေါ်လှလှဌေးဆွေမျိုးတွေက စစ်တပ်ကိုအကြောင်းကြားလို့ ဒီနေ့ရွာထဲကိုစစ်သားတွေရောက်လာကြတယ်လို့သိရတယ်။
ဒါကြောင့် ရွာသားအများစုဟာ ရွာထဲမှာမနေရဲကြပဲ တခြားရွာတွေမှာတိမ်းရှောင်နေကြပါတယ်။ ဒေါ်လှလှဌေးဟာ မတ်လက ကလေးမြို့ တာဟန်းခံတပ်က ပြည်သူတွေကို ထမင်းပို့တဲ့သူတွေကို နာမည်စာရင်းကောက်ပြီး စစ်တပ်ကိုသတင်းပို့မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ပြီးနောက် ၂ လကြာအိမ်မှာမရှိဘဲပျောက်ဆုံးပြီးနောက် ရွာပြန်လာတဲ့အချိန်မှာ အသတ်ခံရခြင်းဖြစ်တယ်။
၄င်းရဲ့အမျိုးထဲကတယောက်လည်း စစ်တပ်ထွက်ဖြစ်တာကြောင့် စစ်တပ်ထောက်ခံတဲ့သူတွေလို့သိရပါတယ်။
Zawgyi
ကေလးၿမိဳ႕နယ္တြင္ ဒလန္အမ်ဳိးသမီးတေယာက္ ဓားနဲ႔ထုိးသတ္ခံရ
ကေလးၿမိဳ႕နယ္ စည္ပင္ၾကီး ေခၚလက္ပံခံုေက်းရြာက ဒလန္ ေဒၚလွလွေဌး (၄၀ ႏွစ္ခန္႔)ကို အမည္မသိလူတစုက ေနအိမ္တြင္ မေန႔ စက္တင္ဘာ ၁၇ ရက္ ညေန ၇ နာရီေလာက္က ဓားနဲ႔ထုိးသတ္ခံရတယ္လို႔သတင္းရရွိပါတယ္။
ျဖစ္စဥ္မွာ ေဒၚလွလွေဌးဟာ အိမ္ေရွ႕မွာဆုိင္ေစာင့္ေနစဥ္ ဆုိင္ကယ္ ၃ စီးနဲ႔အမည္မသိလူေတြေရာက္လာကာ အိမ္ထဲသို႔ေခၚေဆာင္ၿပီး ဓားနဲ႔ထုိးသတ္ၾကပါတယ္။ ဒါေၾကာင့္ ေဒၚလွလွေဌးေဆြမ်ဳိးေတြက စစ္တပ္ကိုအေၾကာင္းၾကားလုိ႔ ဒီေန႔ရြာထဲကိုစစ္သားေတြေရာက္လာၾကတယ္လုိ႔သိရတယ္။
ဒါေၾကာင့္ ရြာသားအမ်ားစုဟာ ရြာထဲမွာမေနရဲၾကပဲ တျခားရြာေတြမွာတိမ္းေရွာင္ေနၾကပါတယ္။
ေဒၚလွလွေဌးဟာ မတ္လက ကေလးၿမိဳ႕ တာဟန္းခံတပ္က ျပည္သူေတြကို ထမင္းပို႔တဲ့သူေတြကို နာမည္စာရင္းေကာက္ၿပီး စစ္တပ္ကိုသတင္းပို႔မယ္လုိ႔ ျခိမ္းေျခာက္ခဲ့ဖူးပါတယ္။
ၿပီးေနာက္ ၂ လၾကာအိမ္မွာမရွိဘဲေပ်ာက္ဆံုးၿပီးေနာက္ ရြာျပန္လာတဲ့အခ်ိန္မွာ အသတ္ခံရျခင္းျဖစ္တယ္။
၄င္းရဲ႕အမ်ဳိးထဲကတေယာက္လည္း စစ္တပ္ထြက္ျဖစ္တာေၾကာင့္ စစ္တပ္ေထာက္ခံတဲ့သူေတြလုိ႔သိရပါတယ္။