ကလေးမြို့နယ် အထူးတရားရုံးက အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ်

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်တဲ့ အသက်မပြည့်သေးသူ မစန္ဒီကျော်ကို စစ်ကောင်စီတပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါခဲ့တယ်ဆိုပြီး အောက်တိုဘာ ၂၅ရက်နေ့မှာ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ စည်းရုံး လှုံ့ဆော်ခဲ့တာကြောင့် မစန္ဒီကျော်ကို ကလေးသူငယ်ဥပဒေပုဒ်မ ၈၉(င) နဲ့ မန္တလေးလူငယ်သင်တန်းကျောင်းမှာ နှစ်နှစ် ထိန်းသိမ်းထားဖို့ ကလေးမြို့ အထူးတရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒါဖြန့် လူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၂၃ရက်နေ့က မုံရွာမြို့ အထူးတရားရုံးကနေ  အသက်မပြည့်သေးတဲ့ မောင်စိုင်းသီဟထွန်း၊ မောင်ပြည့်ဖြိုးအောင်၊ မောင်ဇင်ညီညီထွန်းတို့ သုံးဦးကို လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီကိုဝေဖန်ရေးသားတာ၊ စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တာကြောင့် ကလေးသူငယ် ဥပဒေပုဒ်မ ၈၉(င)နဲ့ မန္တလေးလူငယ်သင်တန်းကျောင်းမှာ အသက်ပြည့်တဲ့အထိ ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Zalen ad

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်