၂၄၊ မေ ၊ ၂၀၂၄
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ လေဆိပ်အနီးက စားသောက်ဆိုင်တစ်ခုကို မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် သားအမိနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စားသောက် ဆိုင်ကို စီးနင်းခဲ့ကာ ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
” အဲဒီဆိုင်က တပ်ဆေးရုံနဲ့ သိပ်မဝေးဘူး။ လေယာဉ်ကွင်းနောက်ကျောဘက်နားမှာလေ။ သူတို့၀င်စီးတဲ့အချိန် ဆိုင်ပိုင်ရှင်ကို အရင်ဖမ်းခေါ်တယ်။ နောက်မှ သမီးဖြစ်သူကို ပြန်ဖမ်းခေါ်တယ်။ PDF ကို ဆက်သွယ်တယ်။ ထောက်ပံ့တယ်လို့ ပြောပြီး ခေါ်သွားတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသမီးနှစ်ဦးကို ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) ကို ဖမ်းဆီးထားပြီး အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ် မရသေးဘူးလို့ သိရပါတယ်။
ကလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချိတ်ပိတ်ခံထားရတဲ့ အဆောက်အဦး ၅၀ ကျော်အထိ ရှိပါတယ်။
Helen