၄၊ ဒီဇင်ဘာ၊ ၂၀၂၄
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ များလာတာကြောင့် အိမ်ငှားရမ်းခတွေ အရင်ကထက် ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က တစ်လကို ၅ သောင်းကျပ်နဲ့ ဌားရမ်းနိုင်တဲ့ သစ်သားပျဉ်ထောင်အိမ်တွေကို လက်ရှိမှာ ၁သိန်းခွဲကျပ်လောက်အထိ ပေးပြီး ငှားရမ်းနေရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် တီးတိန်မြို့၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့တွေက ဒေသခံတွေဟာ ကလေးမြို့ကို အများစု တိမ်းရှောင်လာတာကြောင့် ငှားရမ်းနေထိုင်နိုင်တဲ့ အိမ်တွေလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။
” အရင်က လေးငါးသောင်းလောက်နဲ့ အိမ်ဌားလို့ ရနိုင်တယ်။ အခုတော့ အိမ်ငှားခ တော်တော် ဈေးတက်သွားတယ်။ တချို့ဆို ခြောက်သိန်းလောက်အထိကို တက်တယ်။ အိမ်ငှားဖို့ကလည်း ရှားလာတယ်။ “
အိမ်ငှားခ ဈေးတက်လာတာကြောင့် ငှားရမ်းနေထိုင်ဖို့ စစ်ဘေးရှောင်တွေဟာ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အိမ်ငှားရှာမရတဲ့ စစ်ဘေးရှောင်တွေဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာပဲ နေနေရတယ်လို့ သိရပါတယ်။
Helen