ကလေးမြို့ တက္ကသိုလ်မှာ အဝေးသင်လာရောက် ဖြေဆိုသူမနှစ်ကထက်ပိုများလာ

၃၁၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့  ကလေးတက္ကသိုလ်မှာ  အဝေးသင်လာရောက် ဖြေဆိုသူကျောင်းသားများ ရှိလာတယ်လို့ ကျောင်းအနီးအနားမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဝေးသင်ဖြေဆိုသူတွေဟာ အဆောင်တွင်နေထိုင် ဖြေဆိုနေတာဖြစ်ပြီး လူဦးရေ သုံးရာ နီးပါးလောက် တက်ရောက်သူ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

“ ဒီလ အစပိုင်းလောက်က စပြီး ကျောင်းသားတွေ ဝင်ထွက်တာ တွေ့ရတာပဲ။ စစ်သားတွေက တက္ကသိုလ် ရှေ့မှာ ရှိတယ်လေ။ ကျောင်းတက်တဲ့ ကျောင်းသားတွေကိုတော့ သူတို့ စစ်ဆေးတာမလုပ်ဘူး။ ဒါပေမယ့် လမ်းသွားလမ်းလာတွေကို သူတို့က မထင်ရင် မထင်သလို စစ်ဆေးလေ့ရှိတယ်။ ကျောင်းသားတွေကတော့ အဆောင်မှာ နေကြတာများတယ်။ အနီးကပ်တက်ရောက်တဲ့ သူတွေကိုလည်း မနှစ်ကထက် နည်းနည်း ပိုများတယ်။ ” လို့ ကလေးတက္ကသိုလ်ကျောင်းအနီးနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အနီးကပ် သင်တန်းတက်ရောက်ကာ စာမေးပွဲ ဖြေဆိုသူတွေ ရှိလာတာဖြစ်ပြီး အခုလာမယ့် နိုဝင်ဘာလအတွင်းမှာ တတိယအသုတ် ဝိဇ္ဇာဘာသာရပ်တွေကို အနီးကပ်တက်ရောက် စာမေးပွဲ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်မသမီးက နောက်ဆုံးနှစ် တက်မှာလေ။ အဲ့တော့ တစ်နှစ်ပဲ ကျန်တော့တာဆိုတော့ ဘွဲ့လေးရသွားအောင် လာတက်တာပါ။ သူက ရန်ကုန်မှာ အလုပ်လုပ်နေတာပါ။ ဘွဲ့ရတော့ အလုပ်အကိုင်လေးက ပိုပြီး အဆင်ပြေအောင်လို့ပါ။ အခု ကျောင်းပြန်တက်တော့မယ် ဆိုမှ ကလေးမြို့ကို ပြန်လာတာလေ” လို့ အဝေးသင်တက်ရောက်သူတစ်ဦးရဲ့ မိခင်က ပြောပါတယ်။

ကလေးမြို့ ကွန်ပျူတာ တက္ကသိုလ်မှာလည်း တက်ရောက်တဲ့ ကျောင်းသူကျောင်းသား နှစ်ဆယ် ကျော်လောက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ကလေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်တော်တော်များများမှာ စစ်ကောင်စီကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေဟာ အာဏာသိမ်းချိန်ကစပြီး အခုချိန်ထိ ကျောင်းမတက်ပဲ ဆန့်ကျင်နေကြသူတွေရှိသလို အခုလို ကျောင်းပြန်တက်နေသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားတဲ့ ကလေးမြို့တက္ကသိုလ်- ယာယီအုပ်ချုပ်ရေး ကောင်စီကနေ အွန်လိုင်းကတစ်ဆင့် တက္ကသိုလ်ကျောင်းသားတွေအတွက် သင်ယူနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ လကစပြီး ကလေးမြို့ တက္ကသိုလ်- ယာယီအုပ်ချုပ်ရေး ကောင်စီကနေ အနီးကပ် သင်တန်း၊ အဝေးသင် တက်ရောက်သူတွေကို ကျောင်းအပ်ပြီး တက်ရောက်နိုင်ပြီလို့ ကြေညာထားပါတယ်။ 

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်