ကလေးမြို့ တိုက်ပွဲတွင် ပြည်သူဘက်က ၂ ဦးကျဆုံး၊ အလောင်းမယူနိုင်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်က ပြည်သူ့ခံတပ်ကို မအလစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူဘက်က ၂ ဦးကျဆုံးပြီလို့ ကနဦးသတင်းရရှိပါတယ်။

တာဟန်းခံတပ်တွင် လက်နက်ကြီးကျလာလို့ ကိုအာကာသူအောင်ရဲ့ ရင်ဘတ်နဲ့ မျက်နှာမှာထိမှန်ပြီး မကြာခင်မှာပဲကျဆုံးသွားပါတယ်။ အနီးကသူငယ်ချင်းတစ်ယောက်ရဲ့ လက်ပျက်သွားတယ်လို့လည်း ကနဦးသတင်းရရှိပါတယ်။

တာဟန်းခံတပ်အနီးရှိ ဘရာဏီအလှပြင်ဆိုင်နောက်ဘက် လမ်းဘေးတွင်အလောင်းတစ်လောင်းရှိပြီး အနီးတဝိုက်တွင် မအလတပ်တွေ ရှိနေတာကြောင့် အခုထိ အလောင်းမကောက်နိုင်သေးဘူးလို့လည်းသိရပါတယ်။

မအလစစ်တပ်က လမ်းဆုံကနေ တာဟန်းဘက်မတက်လာနိုင်အောင် တံတားဦးအကျော် ဗိုလ်ချုပ်လမ်းမပေါ်တွင် ကားတာယာတွေမီးရှို့ပြီး မအလတပ်တွေက တပ်စွဲပြီးလမ်းပိတ်ထားပါတယ်။

မအလစစ်တပ်က ဒီမနက် ၅ နာရီခန့်ကစပြီး တာဟန်းခံတပ်နဲ့ နေပြည်တော်ခံတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ အင်အားအလုံးအရင်းနဲ့ဖြိုခွဲနေပါတယ်။ ပြည်သူဘက်က အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်ကာ အခု မွန်းလိုင်ရပ်ကွက်ဘက်တွင် ဆက်လက်ပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။

မအလစစ်တပ်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ကလေးမြို့သို့ စစ်ကား ၂၀ ကျော်၊ စစ်လေယာဉ် ၂ ကြိမ်လာရောက်ဆင်းသက်ပြီး ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ်။

မအလစစ်တပ်ဟာ မတ်လ (၂၈)ရက်က တာဟန်းခံတပ်ကို လက်နက်ကြီးတွေနဲ့လာရောက်ဖြိုခွင်းလို့ ပြည်သူ ၅ ဦးကျဆုံးသွားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်