ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်မှာ ကျန်းမာရေးမကောင်းသူများ ဆေးရုံမှာကုသခွင့်တောင်းပေမယ့်လက်မခံ

၂၉၊ မေလ၊ ၂၀၂၄။

Zalen

ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်မှာ ကျန်းမာရေးမကောင်းတဲ့အကျဉ်းသူ၊အကျဉ်းသားတွေကို အပြင်ဆေးရုံမှာ ကုသခွင့်တောင်းပေမယ့် ထောင်ပိုင်တွေက လက်မခံကြဘူးလို့သိရတယ်။

နိုင်ငံရေးမှုဖြင့်အမှုဖွင့်ထောင်ချခံရတဲ့ အင်ဒိုင်းလေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦးဟာ လက်ရှိ အစာအိမ်ရောဂါ ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ မိသားစုဝင်တွေထံက သိရတယ်။

၎င်းနဲ့နီးစပ်သူတစ်ဦးက “အဖမ်းခံရချိန် ဒကစ ထဲမှာ ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းသူတွေက ချွေးသလိပ်များကို ဗူးတစ်ခုထဲထည့်ကာ သူမအပါအဝင် သူမနဲ့အတူအမှုတွဲအားလုံးကို သောက်ခိုင်းတယ်။ မသောက်ရင် ပစ်သတ်မယ်လို့ခြိမ်းခြောက်ပြီး အတင်းသောက်ခိုင်းကြတယ်။ ရိုက်နှက်ခံရချိန်မှာလည်း အစာအိမ်အတော်ထိတယ်။ အစာကိုလည်း ခဏခဏ ငတ်ခံထားတယ်။ နဂိုကတည်းက သူက ပန်းနာရင်ကြပ်အခံရှိတယ်။ အထဲမှာတော့ ဆေးတွေဝယ်သောက်ချင်ရင် ပိုက်ဆံများများလောင်းမှရတယ်။ ဆေးတွေကလည်း သမန်ကာလျှံကာဆေးတွေပဲ။ ဘာလာလာ ပါရာနဲ့ ဘာမီတွန်တွေလောက်ပဲပေးတယ်။ အပြင်ဆေးရုံးလုံးဝ ထွက်ခွင့်မပေးဘူးလို့ သိရတယ်”လို့ပြောပါတယ်။

၎င်းအပြင် လူကြီးပိုင်းအမျိုးသားတစ်ယောက်လည်း ကျန်းမာရေးဆိုးရွားလို့ အပြင်ဆေးရုံမှာ ဆေးကုသခွင့်တောင်းပေမယ့် ငြင်းပယ်ခံရတယ်လို့သိရတယ်။

အကျဥ်းထောင်ရဲ့လက်စွဲ ဥပဒေ အရ အကျဥ်းသား အကျဥ်းသူ တစ်ဦးဟာ အပြင်ဆေးရုံမှာ ဆေးကုသခွင့် အပြည့်အဝ ရှိရပါတယ်။

အကျဉ်းထောင်မှာ သေဆုံးခါနီးအကျဉ်းသားလူနာများသာ ကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ယင်းသို့ပို့ဆောင်ပြီးနာရီပိုင်းမှာပဲ ဆေးရုံမှာသေဆုံးတဲ့ အကျဉ်းသားအရေအတွက် မနည်းတော့ပါ။

သတင်း- EP

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်