ကလေးမြို့ Quarantine Centre ဝင်နေတဲ့အမျိုးသားတစ်ဦးသေဆုံး

ကလေးမြို့ အထက (၁) CBFQ Centre တွင် မန္တလေးမြို့မှ ဆေးဝါးကုသမှုခံယူပြီး ပြန်လည်ရောက်ရှိလာသဖြင့် အသွားအလာကန့်သတ်ထားရှိသူ ဥယျာဉ်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဒီမနက် ၁၀ နာရီက ကွယ်လွန်သွားပါတယ်။

အဆိုပါသေဆုံးသူသည် အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သော်လည်း Quarantine ဝင်ရောက်နေရသူဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဒိုးဝိုင်းချောင်းသုဿာန်တွင် မီးသဂြိုဟ်မည်ဖြစ်ပြီး ဓါတ်ခွဲနမူနာရယူထားရှိကာ COVID 19 ရောဂါပိုး ရှိ/မရှိ ခုတင် (၃၀၀) ဆံ့ဆေးရုံကြီးတွင် ဓာတ်ခွဲစစ်ဆေးမှာဖြစ်ပါတယ်။

ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ (၅)ဦး ကြည့်ရှုစောင့်ရှောက်နေပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်