ကလေးမွေးဖွားနှုန်း လျှော့ချရန် အီဂျစ်သမ္မတကြိုးပမ်းမယ်

အီဂျစ်သမ္မတဖြစ်တဲ့ အပ်ဒဲလ်ဖာတပ်အဲလ်ဆီဆီရဲ့ အင်္ဂါနေ့တွင် တိုက်တွန်းချက်အရ အာရပ်နိုင်ငံများအကြား လူဦးရေ အများဆုံး နိုင်ငံဖြစ်သော အီဂျစ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း လျှော့ချရန်အတွက် တရုတ်နိုင်ငံ ကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ယောက် မူကို ကျင့်သုံးလာနိုင်တယ်လို့ ပြောပါတယ်။

“တစ်နှစ်တွင် ကလေးမွေးဖွားမှု ၄သိန်း ပဲ လိုအပ်တယ်” ဟု လူဦးရေ ၁၀၅ သန်းရှိပြီး ၂၀၂၂ တွင် ကလေးမွေးဖွားမှု ၂.၂ သန်း ရှိခဲ့သော အီဂျစ်နိုင်ငံရဲ့ သမ္မတက ပြောပါတယ်။

အီဂျစ်ကျန်းမာရေးနှင့် လူဦးရေဝန်ကြီးက “ကလေးမွေးတယ်ဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရာတစ်ခုပဲ” ဟု ပြောဆိုချိန်မှာပဲ သမ္မတ ဆီဆီက ကြားဖြတ်ပြီး နိုင်ငံတွင် ကလေးမွေးနှုန်း ထိန်းသိမ်းရန် လိုအပ်ကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။

 “ခင်ဗျားရဲ့ လွတ်လပ်မှုဆိုတဲ့ ခံယူချက်ကို ကျွန်တော် သဘောမတူပါဘူး၊ စိန်ခေါ်မှု ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို မသိတဲ့ သူတွေကို ဒီလို လွတ်လပ်မှု ပေးထားမှာလား၊ ဒါဟာ အီဂျစ်ပြည်သူ တစ်ခုလုံးနှင့် အစိုးရကပဲ နစ်နာခံရလိမ့်မယ်” ဟု သမ္မတက ကြားဖြတ် ပြောခဲ့ပါတယ်။

 ဒီလွတ်လပ်မှုကို ကျွန်တော်တို့ စနစ်တကျ ထိန်းသိမ်းထားရမယ် မဟုတ်ရင် ကပ်ဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မယ်” ဟု သမ္မတက ပြောပါတယ်။

တရုတ်နိုင်ငံဟာ မိသားစုတစ်ခုတွင် ကလေးတစ်ယောက်သာ မွေးရမည်ဆိုတဲ့ One-child မူကို ၁၉၆၈ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ မိသားစု တစ်ခုတွင် ကလေး တစ်ဦးထက်ယူခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ လူဦးရေ ထိန်းသိမ်းရေးမူဟာ အောင်မြင်ခဲ့တယ်လို့လည်း ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်