ကလေးဝမြို့အဝင်ဂိတ်မှာ ရှားပါးတိရိစ္ဆာန် အကောင် ၈၀ ကျော်ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မဟာမြိုင်လမ်းဘက်ကနေ ကလေးဝမြို့အဝင်ဂိတ်မှာ ထိုင်းနိုင်ငံဘက်ကသယ်ဆောင်လာတယ်လို့ယူဆရတဲ့ တိရိစ္ဆာန်ရှားပါးမျိုးစိတ် ၂၀ ကျော် အကောင်ရေ ၈၀ ကျော်ကို ဇန်နဝါရီလ ၁၀ ရက်ဖမ်းမိတယ်လို့သတင်းရရှိပါတယ်။

ကရင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ယောက်စီးလာတဲ့ ကားတစ်စီးအပေါ်မှာ အခုလိုဖမ်းမိတာဖြစ်ပါတယ်။ သယ်ဆောင်လာတဲ့တိရိစ္ဆာန်တွေကတော့ မိကျောင်းပေါက်စ၊ ပုပ်သင်ညို၊ မြွှေ၊ မျောက်၊ ရှားပါငှက်၊ တောကြောင်၊ နဲ့ တခြားတိရိစ္ဆာန်တွေဖြစ်ပါတယ်။

ယင်းတိရိစ္ဆာန်တွေဟာ ထိုင်းနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ မိုးလေးဘက်သို့သယ်ဆောင်သွားဖို့စီစဉ်ထားတယ်လို့ယူဆရပါတယ်။

Zawgyi

Zalen ad





နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်