ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေး ၂သိန်းခွဲကျော်အထိ ဈေးတက်ပေမယ့် မတ်လဆန်းအထိ လက်မှတ်ဝယ်စရာမရှိ

ကလေး-ရန်ကုန်သို့ပျံသန်းနေတဲ့ မြန်မာ့လေကြောင်းလိုင်း (MNA) ဟာ မနေ့ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး လေယာဉ်လက်မှတ် ၂၇၀,၀၀၀ ကျပ်သို့ဈေးတက်သွားတယ်လို့ လေယာဉ်လက်မှတ်ရောင်းဝယ်သူကိုယ်စားလှယ်များထံကသိရတယ်။

အရင် ဖဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းက ကလေး-ရန်ကုန် လေယာဉ်လက်မှတ်နှုန်းထားကတော့ MNA – ၂၃၀,၀၀၀ ကျပ်၊ KBZ – ၂၁၃,၀၀၀ ကျပ်ဖြစ်ပေမယ့် မနေ့ညနေပိုင်းကစပြီး MNA – ၂၇၀,၀၀၀ ကျပ်၊ KBZ – ၂၃၈,၀၀၀ ကျပ်သို့ ခုန်တက်သွားပါတယ်။

ဒါပေမယ့် ရန်ကုန်-ကလေး ပျံသန်းတဲ့လေယာဉ်လက်မှတ်ခကတော့ ဈေးတက်ခြင်းမရှိပဲ အရင်ဈေးတိုင်း MNA – ၂၀၆၀၀၀ ကျပ်၊ KBZ – ၂၂၅၀၀၀ ကျပ်ဖြစ်ပါတယ်။

ကလေးလေဆိပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်နဲ့ ကလေးကဘော် တမူး၊ ကလေးဝမြို့နယ်က ပြည်သူတွေအဓိကအသုံးပြုကြပါတယ်။ တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်ဆင်းဖို့ အရင်လို ကားလမ်းတွေအသုံးမပြုရဲတော့တာကြောင့် လေယာဉ်အသုံးပြုသူ ပိုမိုများပြားလာပြီး အခုလို လေယာဉ်လက်မှတ်ဈေးတက်ချိန်မှာပြင် လေယာဉ်လက်မှတ်ကို အလုအယှက်ဝယ်ယူနေကြတယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေထံကသိရတယ်။

လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက “ပြည်တွင်း တခြားမြို့တွေပျံသန်းတဲ့လေယာဉ်လက်မှတ်ခ ဈေးမတက်ဘူး။ ပြည်ပထွက်တဲ့လေယာဉ်လက်မှတ်ဈေးလည်းမတက်ဘူး။ အားလုံး အကျဘက်ပဲဖြစ်နေတယ်။ ဘာဖြစ်လို့ ကလေး-ရန်ကုန်လေယာဉ်လိုင်းတစ်ခုထဲ ကွပ်ပြီးဈေးတက်တာလဲမသိဘူး။ အခုလို ဈေးနှုန်းနဲ့ဆို ကလေး-ရန်ကုန်လေယာဉ်စီးခထက် ရန်ကုန်-ဘန်ကောက်လေယာဉ်လက်မှတ်ခတောင် တစ်ဆပိုဈေးသက်သားသေးတယ်။ ကလေး-ရန်ကုန်လေယာဉ်လက်မှတ်က အဲ့လောက်ဈေးတက်နေတဲ့ကြားမှာ မတ်လ ၁၃ ရက်ထိ ထိုင်ခုံပြည့်နေပြီ။ လက်မှတ်ကို အလုအယှက်ပဲဝယ်ကြတယ်။ ဘယ်သူမှ ကားလမ်းကနေမသွားရဲတော့ လေယာဉ်ပဲစီးလာကြတယ်လေ” လို့ပြောပါတယ်။

လက်ရှိ ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ခ က ၁၁၄,၀၀၀ ကျပ်သာရှိပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က ကလေး-ရန်ကုန်လေယာဉ်လက်မှတ်ခဟာ တစ်သိန်း နှစ်သောင်းဝန်းကျင်မှာသာရှိပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်