ကလေး – ဂန့်ဂေါကြားရှိ ကမ္ဘားနီတံတားသစ် စတင်တည်ဆောက်

ကမ္ဘားနီတံတားသစ် တည်ဆောက်နေကြစဉ် (ဓာတ်ပုံ- ThantZin Lynn)

ကလေး – ဂန့်ဂေါကြားရှိ ကမ္ဘားနီတံတားသစ် စတင်တည်ဆောက်

ကလေးမြို့ကနေ ပြည်မဘက်သွားရာတွင်အဓိကအသုံးပြုတဲ့ ကလေး – ဂန့်ဂေါကြားရှိ ကမ္ဘားနီတံတားသစ်ကို ကျပ်သန်း ၂၀၀ အကုန်အကျနဲ့ စတင်တည်ဆောက်နေတယ်လို့သိရပါတယ်။

၂၀၁၅ ခုနှစ်ရေတိုက်စားမှုကြောင့် ကမ္ဘာနီတံတား ရေလယ်တိုင် နိမ့်ကျနေတာတွေ့ရစဉ်

မဏီပူရမြစ်ကူး ကမ္ဘားနီတံတား ဟောင်းကို ၁၉၉၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင်ဖွင့်လှစ်ပြီး အလျား ပေ ၅၉၅၊ အကျယ် ၁၄ ပေ ရှိပါတယ်။ ယင်းတံတားဟာ ၂၀၁၅ ခုနှစ် ချင်းပြည်နယ်နဲ့ ကလေးမြို့နယ် ရေဘေးကြောင့် ရေတိုက်စားလို့ ရေလယ်တိုင်နှစ်လုံးနိမ့်ကျသွားရာ ဘေလီတံတား ယာယီထိုးထားပါတယ်။

အသစ်တည်ဆောက်နေတဲ့ ကမ္ဘားနီတံတားဟာ မော်တော်ယာဉ်၊ ဆိုင်ကယ်များ သီးသန့်သွားလာမယ့်တံတားဖြစ်ပြီး ပေ ၅၉၇ ရှည်တဲ့ သံကူကွန်ကရစ်တံတားဖြစ်ပါတယ်။



၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးက ကလေးမြို့နယ်ရှိ မီးရထားကူး ကဗ္ဗနီတံတားပေါ်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များ သီးသန့်သွားလာနိုင်သော တံတား အသစ်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ စပ်လျဉ်း၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကားများသီးသန့်အသုံးပြုပြီး ပြည်သူများအန္တရာယ်ကင်းစွာ ဖြတ်ကူးနိုင်ပြီး ကုန်စည် စီးဆင်းမှု လျင်မြန်စေရေးအတွက် ကမ္ဘားနီတံတား အသစ်ကို နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန် ပြည်ထောင်စုရန်ပုံငွေတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်လျာထားတင်ပြမယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်