ကျခဲရွာကပြည်သူ ၄ ဦးကို စစ်ကောင်စီကအရှင်လတ်လတ်မီးရှိုးသတ်ဖြတ်ပြီး ထွက် ပြေးတဲ့ချိန်သေနတ်ဖြင့်ပစ်ခတ်လို့တစ်ဦးသေ

၂၇ ၊ အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်ရှိ ကျခဲရွာကို ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားကြတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်‌ သား၊ရဲသား၊ပျူစောထီး တပ်များက ယမန်နေ့ မနက်ပိုင်း ၄ နာရီမှာ ရွာထဲကိုအကြမ်း ဖက်၀င်စီးနင်းခဲ့တယ်လို့သိရပါတယ်။

အဲဒီလို၀င်စီးတဲ့အချိန်မှာသေနတ်တွေပစ်ဖောက်ပြီး ထွက်ပြေးတဲ့ရွာသူ၊ရွာသားတွေကိုသေနတ်နဲ့လိုက်ပစ်နေသလို ထွက်‌ပြေးဖို့အချိန်မရတဲ့သူတွေကို ဖမ်းဆီးပြီးသတ်ဖြတ်မီးရှို့တာတွေပြုလုပ်တယ်လို့ဆိုပါတယ်။

Zalen ad

အဆိုပါဖမ်းဆီးမီးရှို့သတ်ဖြတ်တဲ့ သူတွေထဲမှာ အသက် ၃၀ ၀န်းကျင်အရွယ်အမျိုး သားလေးဦးပါ၀င်သလို သေနတ်နဲ့လိုက်လံပစ် ခတ်တဲ့အချိန်မှာထွက် ပြေးရင်း သွေးလွန်ပြီးသေဆုံသူတစ်ဦးအပြင် ဒဏ်ရာရှိသူတွေ၊ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့‌ ဒေသခံတွေနဲ့နီးစပ်သူတွေထံကသိရပါတယ်။

” မနက် ၄ နာရီဆိုတာလူတွေအိပ်မောကျနေတဲ့အချိန်ဗျာ၊သူတို့ကရုတ်တရက်၀င်ပြီး သေနတ်တွေဖောက်ပြီး‌ တော့ပြေးတဲ့သူတွေကို လိုက်ပစ်တယ်၊မပြေးတဲ့သူတွေကိုဖမ်းပြီးတော့အရှင်လတ် လတ်မီးရှို့သတ်ဖြတ်ကြတယ်ကြားတယ်၊တစ်ချို့ပြေးရင်းနဲ့ကျည်ထိလို့ဒဏ်ရာရတဲ့သူလည်းရှိတယ်”လို့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦး က Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး သူက “သေနတ်နဲ့ပစ်လို့ပြေးရင်းသွေးလွန်ပြီးသေတဲ့သူလည်းပြန်တွေ့ကြတယ်ကြားတယ်၊ဒဏ်ရာရသူတွေလည်းရှိတယ်၊ပျောက်နေသေးတဲ့သူတွေရောရှိတယ်ကြားတယ်၊ဖုန်းလိုင်းဖြတ်ထားတော့ အသေး စိတ်ကိုဆက်သွယ်မရသေးဘူးဗျ” လို့ပြောပါတယ်။

ထီးလင်းမြို့နယ်ရှိကျခဲကျေးရွာဘက်ရှိတဲ့ဆက်သွယ်‌ေရးဖုန်းလိုင်း‌ တွေကို အောက်တိုဘာ ၂၅ ရက်ကညနေပိုင်းကစပြီးဖြတ် တောက်ထားတာ အခုချိန်ထိပြန်မရသေးဘူးလို့လည်း သိရပါတယ်။

သတင်း‌ – ယောနေ

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်