ကျန်းမာရေးဝန်ထမ်းတွေ သပိတ်မှောက်တဲ့ကြား ရန်ကုန်တွင် နေ့စဉ် ကိုဗစ်ကာကွယ်ဆေးထိုးသူ တစ်ထောင် ခန့်ရှိဟုဆို

ကျန်းမာရေးဝန်ထမ်းတွေ သပိတ်မှောက်တဲ့ကြား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အင်းယားစင်တာတွင် နေ့စဉ် ကိုဗစ်ကာကွယ်ဆေးထိုးသူ ၇၀၀ မှ ၁၅၀၀ ကြားရှိတယ်လို့ မတ်(၂၅)ရက်ထုတ် ပြည်မြန်မာဂျာနယ်က ဖော်ပြထားပါတယ်။

ရန်ကုန်တွင် အခုလို ကိုဗစ်ကာကွယ်ဆေးထိုးတာဟာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီထိ ထိုးနှံလျက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး Covishield ဆေးကို ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းတွေထံပထမဆုံးအကြိမ် စတင်ထိုးနှံခဲ့ပါတယ်။

Zalen ad

အခု စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံဖို့ဆောင်ရွက်ပေမယ့် ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်ကြတာကြောင့် ကိုဗစ်ကာကွယ်ဆေးကျွမ်းကျင်သူ မလုံလောက်တာကြောင့် နေရာဒေသအများစုတွင် ကာကွယ်ဆေးဆက်လက်မထိုးနိုင်ပဲဖြစ်နေပါတယ်။

ချင်းပြည်နယ်မှာလည်း ကိုဗစ်ကာကွယ်ဆေးကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့တာကြောင့် တပ်မတော်ဆရာဝန်တွေခေါ်ယူပြီး ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေကြတယ်လို့ ပြည်နယ် ကောင်စီဥက္ကဌထံကနေ သတင်းရရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်