ကျောက်တော်မြို့နယ်မှာ အစာအဆိပ်သင့်မှုကြောင့် မြို(ခမီ)မိသားစု ၆ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာတွင် မြို(ခမိ) လူမျိုး ဦးသောကြာအောင်မိသားစုဝင်အားလုံးဟာ အစာအဆိပ်သင့်လို့ ယနေ့နိုဝင်ဘာ ၂၈ ရက်တွင် ၆ယောက်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသူများမှာ ဦးသောကြာအောင် (၅၄ – နှစ်)၊ ဇနီး ဖြစ်သူ ဒေါ်ခိုင်သန်းနု (၅၄ – နှစ်)၊ သမီးကြီး မစန္ဒာဝင်း ( ၂၅ – နှစ်)၊ သမီးလတ် မစိုးသန်း(၂၃ – နှစ်)၊ သားငယ်မောင်ကျော်ငြိမ်းထွန်း (၁၃ – နှစ်)နဲ့ ဒေါ်ခိုင်သန်းနု ရဲ့မိခင် အသက် (၇၀)ဝန်းကျင်အမျိုးသမီးတို့ဖြစ်ပါတယ်။ ပြီးနောက် ၎င်းတို့မွေးမြူထားသော ခွေးတစ်ကောင်လည်းသေဆုံးသွားတယ်လို့သိရတယ်။

၎င်းတို့မိသားစုဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ညနေပိုင်းဈေးကဝယ်လာတဲ့ ပြောင်းဖူးတွေစားမိပြီးနောက် အဲဒီလို အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဒါကြောင့် ကျောက်တော်ဆေးရုံမှာ သေဆုံးသွားသူတွေရဲ့ အစာအိမ် အရည်ကို ပိုက်ပြွန်ဖြင့် စုပ်ယူပြီး အဖြေရှာစစ်ဆေးဖို့ ဆေးရုံက ယူထားပြီး စစ်တွေဆေးရုံသို့ ပို့ပြီးမှ စစ်ဆေးရမယ်လို့ ကျောက် တော်ဆေးရုံက တာဝန်ကျဆရာဝန်က ပြောဆိုထားပါတယ်။

317247121_652125083044888_3159046132496286710_n

“ပထမ‌တော့ စနေနေ့ (နိုဝင်ဘာ ၂၆ရက်) က စဖြစ်ကြတာထင်တယ်။ သူတို့ မိသားစု နေမကောင်းလို့ ရွာကနေ ကျောက်တော်ဆေးရုံကို စက်လှေနဲ့သွားတယ်၊ လမ်းတဝက်မှာ ဝဲကြီးထောင့် ရွာနားကို ရောက်တော့ သူ့အမေ အသက်ရှုကြပ်လို့ ဝဲကြီးထောင့် တိုက်နယ် ဆေးရုံးမှာ ဆေးဝင် ကုသလိုက်တယ်။ နောက်တော့ သက်သာကြတယ်လို့ ပြောကြတယ်။ အဲ့ဒီည (၁၁) နာရီ လောက်ရောက်တော့ တစ်မိသားစုလုံး သတိမရကြတော့ဘူး၊ အဲနောက်ပိုင်း သမီးလတ် မစိုးသန်းက ဝဲကြီးထောင့်မှာ ဆုံးသွားတယ်။ မနက်မိုးလင်းတော့ ဝဲကြီးထောင့်တိုက်နယ် ဆေးရုံကနေ ကျောက်တော် ဆေးရုံကို ပို့လိုက်တယ်” လို့ ရွာသားတစ်ယောက်ကဆိုပါ။

ကျောက်တော်ဆေးရုံရောက်တဲ့ချိန်မှာ နိုဝင်ဘာ ၂၆ ရက် နေ့လည် ၂နာရီမှာ ဒေါ်ခိုင်သန်းနု (၅၄ နှစ်)၊ ညနေ ၈ နာရီမှာ သမီးကြီး မစန္ဒာဝင်း၊ နိုဝင်ဘာ ၂၇ ရက် ည ၁၀း၃၅ အချိန်မှာ သားဖြစ်သူ မောင် ကျော်ငြိမ်းထွန်း (၁၃ နှစ်)၊ နိုဝင်ဘာ ၂၈ရက် မနက် ၁၂း၅၅ အချိန်တွင် ဒေါ်ခိုင်သန်းနု ရဲ့မိခင် အသက် (၇၀)ဝန်းကျင်အမျိုးသမီး၊ မနက် ၆နာရီတွင် အိမ်ထောင်ဦးစီး ဦးသောကြာအောင် (၅၄ – နှစ်) တို့သေဆုံးသွားကြပါတယ်။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်