ကျောင်းပြန်ဖွင့်မှာပြောပြီး ပျူစောထီးခေါင်းဆောင်က ရပ်ကွက်နေပြည်သူများနေရပ်ပြန်လာရန် ခြိမ်းခြောက်ခေါ်ယူ

စစ်ကိုင်းတိုင်း၊ တမူး မြို့မ(၁၄) ချောင်းနက်ကြီး(Vaipabung) ရပ်ကွက်ရှိစာသင်ကျောင်းကို ယခုနှစ်မှာပြန်လည် ဖွင့်လစ်သွားမှာဖြစ်လို့ ရပ်ကွက်ကိုစွန်ခွာနေတဲ့ ဒေသခံပြည်သူများကို ပျူစောထီး ခေါင်းဆောင်က ပြန်လည်ခေါ်ယူနေတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်၊ တနင်္ဂနွေနေ့မှာ တမူး မြို့မ(၁၄) ချောင်းနက်ကြီး(Vaipabung) ရပ်ကွက်ရှိ ဒေသခံပြည်သူများကို ရပ်ကွက်ပျူခေါင်းဆောင်က အစည်းဝေးဆင့်ခေါ်ပြီး အခုလိုပြောကြားခဲ့တာလို့ ဆိုပါတယ်။

” ဒီနှစ်ကစပြီး မြို့မ (၁၄) ကကျောင်းကိုပြန်ဖွင့်မယ်။ ထွက်ပြေးနေတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ပြန်လာရမယ် ကလေးတွေကို ဒီမှာဘဲကျောင်းထားရမယ်။ ပြန်မလာတဲ့သူတွေရဲ့ အိမ်တွေကို အိမ်သိမ်းမယ်။ အိမ်မရှိတဲ့ လူတွေနေခိုင်းမယ်။ ပြီးတော့ ပြန်လာတဲ့သူတွေကို စာသေချာမှတ်ထားမယ်။ လယ်၊ အခင်းလာလုပ်ခွင့်လည်း ပေးမှာမဟုတ်ဘူး မိုရေးကနေ တမူးဘက်လည်းလာလို့မရအောင် တင်းကြပ်ထားမယ်” လို့ အဲဒီအကြောင်းသိရှိသူက Zalen ကိုပြောပါတယ်။

တမူး မြို့မ(၁၄) ရပ်ကွက်နေ ဒေသခံပြည်သူများဟာ တမူးမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ပျူစေားထီးများက ၎င်းတို့ရဲ့ သား၊ သမီးများကို အကြောင့်မဲ့ မတရားဖမ်းဆီး၊ ‌ရိုက်နက်၊ ငွေညစ်တောင်းခံနေကြတဲ့ ဒဏ်ကိုမခံနိုင်လို့ ဘေးလွတ်ရာသို့ ထွက်ဘေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Zalen ad

“သူတို့ပြောသလို တိုက်ပွဲမဖြစ်ပါဘူး။ သူတို့ရန်ကိုကြောက်လို့ ‌ကိုယ့်ကလေးတွေကိုခေါ်ပြီးရှောင်နေကြတာပါ။ သူတို့က မထင်ရင်မထင်သလို ဖမ်းဆီးနေတာဘဲဗျ။ သူတို့နဲ့ ရင်းနှီးတဲ့ လူတွေကိုတောင် မထင်ရင်မထင်သလို ပစ်သတ်နေကြတာဘဲဗျ ဒါကိုဘယ်လိုယုံရမလဲ” လို့ စစ်ရှောင်တဦးကလည်း ပြောပါတယ်။

အဲဒီအစည်းဝေးမှာ ပျူစောထီးခေါင်ဆောင်က ရပ်ကွက်ကိုစွန့်ခွာနေတဲ့ မြို့မ (၁၄) ချောင်းနက်ကြီး(Vaipabung) ရပ်ကွက်နေပြည်သူများကို နေရပ်ပြန်မလာပါက လယ်ယာ၊ စိုက်ခိုင်းများကို လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်သလို ၎င်းတို့ရဲ့ နေအိမ်ခြံဝင်းများကို သိမ်းဆည်းပြီ အိုးအိမ်မရှိတဲ့ မိသားစုများကို အစားထိုးနေထိုင်ခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို ‌ပျူစောထီးခေါင်းဆောင်က ဒေသခံများကို စာသင်ကျောင်းပြန်ဖွင့်မယ်လို့ အကြောင်းပြပြီး နေရပ်ပြန်လာဖို့ ခေါ်ယူနေပေမယ့် ၎င်းတို့က ဒေသခံပြည်သူများကို မတရားဖမ်းဆီးတာ၊ ရိုက်နက်တာ၊ ငွေညစ်တာ၊ အကြောင်းမဲ့သတ်ဖြတ်တာတွေပြုလုပ်နေကြသလို နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ပြည်သူ့နေအိမ်များဖျက်ယူ ရောင်းစားခဲ့ကြလို့ ဒေသခံအချို့ဟာ နေစရာမရှိဘဲ အိုးမဲ့၊ အိမ်မဲ့ဖြစ်နေကြတာ ဖြစ်ပါတယ်။

သတင်း – အမေ့သား

ပုံစာ – ပျူစောထီးတွေဖျက်ယူသွားတဲ့ မြို့မ(၁၄)ရပ်ကွက် ဒေသခံများရဲ့ နေအိမ်အချို့

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆ Zalen ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ...

ဆက်ဖတ်ရန်