Joshua Van ရဲ့ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ်ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားမယ်

ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆

Zalen

လက်ရှိ UFC Flyweight ချန်ပီယံ Joshua Van ကတော့ သူ့ရဲ့ပထမဦးဆုံးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန် ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားကြမှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဧပြီလ ၁၂ ရက် ၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာကျင်းပ မယ့် UFC 327 မှာထည့်သွင်းထားကြောင်း UFC ဘက်က မနေ့ ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ တရားဝင်ကြေညာ ထားပါတယ်။

Zalen ad

ဒါဟာ UFC သမိုင်းတစ်လျှောက် အာရှနွယ်ဖွား ဖိုက်တာ နှစ်ဦးရဲ့ပထမဦးဆုံး ချန်ပီယံခါးပတ်လုပွဲဖြစ်လာပါ တယ်။

Joshua Van ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဘရာဇီးဝါရင့်ဖိုက်တာ ပန်တိုဂျာကို အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့သူဖြစ်ပါတယ်။

Tatsuro Taira ဟာလည်း လက်ရှိ ဖလိုင်းဝိတ်တန်းမှာစွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ချပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဝါရင့်ဖိုက်တာ ဘရန်ဒန်မော်ရီးနိုးကို ဒုတိယအချီမှာအလဲထိုးပြသွား ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ Joshua Van ကတော့ Tatsuro Taira ကို တတိယအချီမှာ ပွဲဖြတ်သွားမယ်လို့ပြောကြား ထားပြီး နောက်ထပ်ချန်ပီယံခါးပတ်ကာကွယ်ပွဲကို ပြိုင်ဘက်ဟောင်း ပန်တိုဂျာနဲ့ထိုးသတ်ချင်တယ်လို့ အင်တာဗျူး တစ်ခုမှာဖြစ်ကြားထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်