ခမ်းပတ်မြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတွေက ဒေသခံပြည်သူ တစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်

၁၃၊နိုဝင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့သိမ်းတိုက်ပွဲ အတွင်းထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားများက ခါနန်ကျေးရွာမှာနေထိုင်တဲ့ အရပ်သားပြည်သူတစ်ဦးကို နိုဝင်ဘာ ၆ရက်နေ့က အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

“စစ်ခွေးတွေက ခမ်းပတ်နဲ့ခါနန်ကြားမှာရှိတဲ့ ခါနန်ချောင်းအတိုင်း ထွက်ပြေးသွားကြတာ။ အခုသတ်ခံရတဲ့ Pu Thian Za Bia -ဦးထျှန်ဇာဗျာက လယ်တောထဲလယ်လုပ်နေတာ။ သူလယ်တောကလည်း စစ်သားတွေ ထွက်ပြေးတဲ့လမ်းကြောင်းဖြစ်နေတာဗျ။ ဦးထျှန်ဇာဗျာကိုတော့ နောက်ကြောကနေ ဓါးနဲ့ခုတ်တယ်။ ရင်ဘတ်ကနေလည်း ဓားနဲ့ထိုးတယ်။ ဓားနဲ့မွန်းတာတွေရောလုပ်ပြီး အလောင်းကို လွင့်ပစ်တယ်။ သူ့သား၂ယောက်ကို လမ်းပြပုံစံနဲ့ဖမ်းခေါ်သွားတယ်။ အခုတော့ပြန်လွတ်ပြီ”လို့ ခမ်းပတ်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကသတ်ဖြတ်ခဲ့တဲ့ Pu Thian Za Bia

အလောင်းကို နိုဝင်ဘာ ၁၁ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ပြီး ညနေမှာပဲ သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၇ရက်နေ့မနက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ဟာလည်း အိန္ဒိယဘက်ကို ရောက်ရှိသွားနေပြီဖြစ်ပါတယ်။

သတင်း -HAK

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်