ခမ်းပါတ်မြို့ကို ၅ရက်တိုင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေ

၁၅၊ဒီဇင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၀ ရက်ကစပြီးမြေပြင်စစ်ကြောင်းသာမက လေကြောင်းနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာလည်း Mi35စစ်ရဟတ်ယာဉ်နဲ့လာရောက်တိုက်ခိုက်တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့ကိုပြန်လည်ရရှိနိုင်ရေး စစ်ကောင်စီက အင်အား ၁၀၀ ကျော်ဖြင့်ထိုးစစ်ဆင်နေပြီး ဒီဇင်ဘာ ၁၀ရက်နေ့ကစပြီးတော်လှန်ရေးတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာလည်းဖြစ်ပါတယ်။

“ဒီဇင်ဘာ ၁၀ရက်ကတည်းက ဂျက်ဖိုက်တာနဲပဗုံး ၆လုံးကြဲတာ။ ၁၁ရက်နေ့တော့ လေယာဉ်မလာဘူး။တိုက်ပွဲအခြေနေတော့ တင်းမာနေပါတယ်။ကျွန်တော်တို့ဘက်ကလည်း အဖွဲ့အားလုံး ပူး​ပေါင်းပြီး သူတို့(စကစ)ကို ပြန်ခုခံနေတယ်။ဒီနေ့လည်း Mi35နဲ့ စက်သေနတ်ကော ဗုံးနဲ့ပါလာပစ်တယ်”လို့ ခမ်းပတ်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက မြေပြင်၊ဝေဟင်သုံးပြီး ထိုးစစ်ဆင်နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့များမြို့ကိုထိန်းချုပ်နိုင်ဆဲဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဒီဇင်ဘာ ၁၀ရက်နေ့မှာ ဗုံး၆လုံး၊ဒီဇင်ဘာ ၁၂ရက်နေ့မှာ ဗုံး ၄လုံး၊ဒီဇင်ဘာ ၁၃ရက်နေ့မှာ ဗုံး၅လုံး၊ဒီဇင်ဘာ ၁၄ရက်နေ့မှာ ဗုံး၃လုံးနဲ့ ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ စစ်ရဟတ်ယာဉ်(Mi35)တို့ဖြင့် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်​နေ့မှာလည်း စစ်ကောင်စီက ခမ်းပါတ်မြို့အဝင်မှာ ကင်းကျနေတဲ့တော်လှန်ရေး ရဲဘော်၇ဦးကိုဖမ်းဆီးခဲ့ပြီး၂ဦးထွက်ပြေးလွတ်မြောက်ခဲ့ကာ ၅ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့လည်းသိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်