ခိုင်ကမ်းတွင်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ချင်းပြည်နယ်၊ တီးတိန်မြိုနယ်၊ ခိုင်ကမ်းမြို၊ အမှတ်(၃) ရပ်ကွက်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံရတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီနေ့က မနက် ၉နာရီကျော်အချိန်လောက်မှာသေနတ်ပစ်ဖောက်သံတစ်ချက်ကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲအဆိုပါအလောင်းကို တွေ့ရှိခဲ့ရတာလို့သိရပါတယ်။

သေဆုံးသူဟာ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်နေ ဦးညီညီလွင် (၄၃နှစ်) ဖြစ်ပြီးတောင်ယာသို့သွားပြီးပြန်လာစဉ် အခုလိုအသတ်ခံရတာလို့သိရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်