ခိုင်ကမ်းတွင်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ချင်းပြည်နယ်၊ တီးတိန်မြိုနယ်၊ ခိုင်ကမ်းမြို၊ အမှတ်(၃) ရပ်ကွက်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံရတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီနေ့က မနက် ၉နာရီကျော်အချိန်လောက်မှာသေနတ်ပစ်ဖောက်သံတစ်ချက်ကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲအဆိုပါအလောင်းကို တွေ့ရှိခဲ့ရတာလို့သိရပါတယ်။

သေဆုံးသူဟာ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်နေ ဦးညီညီလွင် (၄၃နှစ်) ဖြစ်ပြီးတောင်ယာသို့သွားပြီးပြန်လာစဉ် အခုလိုအသတ်ခံရတာလို့သိရတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်