၁၆ ၊ ဇူလိုင် ၊၂၀၂၄
Zalen
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet လက် အောက် အဖြစ် ကနေ နှုတ်ထွက်ကြောင်း Kkei Sing တပ်ရင်း ကဇူလိုင်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အာဏာသိမ်းမှု၂၀၂၁၊ ဖေဖော်ဝါရီ (၁)ရက်နေ့က စလို့ ကန်ပက်လက်ပြည်သူများနဲ့အတူ CDF -Kanpetlet ၏ဦးဆောင်မှုအောက်တွင် စစ်အာ ဏာရှင်ဆန့်ကျင်တော်လှန်ရေးကို အတူလက်တွဲဆောင် ရွက်ခဲ့တဲ့အတွက် Kkei Sing တပ်ရင်းအနေဖြင့် ၀မ်းသာဂုဏ်ယူကြောင်းဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံတွင် ၄ မြို့နယ်အတွင်းရှိ ဒိုင်ရ်ဒေသတစ်ခုလုံးပြန် လည်စုစည်းတည်ဆောက်ရေး၊ဒိုင်ရ်ဒေသန္တရ ကောင် စီကိုဖွဲ့စည်းပြီး ဖြစ်၍ ကန်ပက်လက်မြို့နယ်အတွင်းရှိ ဒိုင်ရ်ဒေသနှင့်ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သောKkei Sing တပ်ရင်းသည် DRC ရဲ့ဉီးဆောင်မှုနဲ့ CDF-Daai အဖြစ် ပူးပေါင်းရပ်တည်သွားမှာဖြစ်လို့ CDF- Kanpetlet ကနေ နှုတ်ထွက် ခဲ့တာလို့ဆိုပါတယ်။
CDF-Kanpetlet အဖွဲ့ကနေနှုတ်ထွက်တဲ့ကိစ္နဲနဲ့ပတ်သက်လို့ Kkei Sing တပ်ရင်းက တာ၀န်ရှိသူတစ်ဉီးက “ဒိုင်ရ် မျိုးနွယ်စုပြန်လည်စုစည်းပေါင်း စည်းရေးအတွက်ပေါ့၊အရင်တုန်းက ကျွန်တော်တို့က လေးမြို့နယ်မှာ ပြန့်ကျဲပြီးနေထိုင်ကြတယ်။ အခုနိုင်ငံရေးအခင်းအကျင်းအရ ပြန်လည်စုစည်းပြီးတော့ ကျွန်တော်တို့ရဲ့အခွင့်အရေး၊ဖက်ဒရယ်ယူနစ်အရ ဒိုင်ရ်လူမျိုးများအတွက် အခွင့်အရေးဖန်တီးနိုင်ရေးနဲ့ပတ်သက်ပြီးညီလာခံဆုံးဖြတ်ချက်အရ CDF ကန်ပက်လက်ကနေနှုတ်ထွက်ခြင်းဖြစ်ပါတယ်။ လေးမြို့နယ် ပြန်လည်စုစည်းတဲ့ တော်လှန်ရေး၊နိုင်ငံ ရေးအခင်းအကျင်း တွေကိုလည်း DRC ရဲ့ဉီးဆောင်မှုအောက်ကနေ ကောင်စီရဲ့လမ်းညွှန်ချက်နဲ့အညီဖော်ဆောင်သွားမှာဖြစ်ပါတယ်”လို့ Zalenကိုပြောပါတယ်။
စစ်အာဏာရှင် တော်လှန်ရေး၊ချင်ပြည်တည်ဆောက်ရေးတို့တွင်လည်း တစ်ဉီးကိုတစ်ဦး၊တစ်ယောက်ကိုတစ်ယောက် အားပေးကူညီပြီး အပြန်အလှန်လေး စားတန်ဖိုးထားကာ အိမ်နီးချင်းကောင်းအဖြစ် လက် တွဲပူးပေါင်းသွားမယ်လို့ လည်း ဆိုထားပါတယ်။
မိုးပီအောင်