ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ ကသည်းသူပုန်တွေတိုက်ခိုက်စဉ် ကသည်းသူပုန် ၂ ယောက်သေဆုံးဟုဆို

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် စဲနမ်ကျေးရွာ (Senam) အနီးမှာစခန်းချတဲ့ အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်ခွဲထွက်ရေးလက်နက်ကိုင် PLA (People Liberation Army) ရဲ့ ၂၅၂ တပ်ရင်းကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၃ ရက်မနက်က သွားရောက်တိုက်ခိုက်ရာ ကသည်းသူပုန်ဘက်က ၂ ယောက်သေဆုံးတယ်လို့ မဏီပူရ်အခြေစိုက်သတင်းတွေမှာဖော်ပြထားပါတယ်။

ကသည်းသူပုန် ၂ ယောက်ဟာ ဗုံးထိမှန်လို့သေဆုံးတာဖြစ်ပြီး ၄င်းတို့နာမည်ကတော့ အသက် ၃၃ နှစ်အရွယ် Chingangbam Koktummani နဲ့ အသက် ၃၃ နှစ်အရွယ် Khaidem Indramani တို့ဖြစ်ကြောင်းသိရတယ်။

ယင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်ဦးဘက်က ဗိုလ်ကြီးတစ်ယောက် ကျဆုံးသွားပါတယ်။ ၄င်းထံကနေ AK 47 သေနတ်တစ်လက်၊ ရေဒီယိုတစ်ခု၊ မြေပုံတွေသိမ်းဆည်းရမိတယ်လို့ PLA တွေကပြောပါတယ်။

ကသည်းသူပုန် PLA တပ်တွေကတော့ အိန္ဒိယစစ်တပ်က နယ်စပ်ကိုကျော်ပြီး လာရောက်တိုက်ခိုက်သွားတယ်လို့ ထုတ်ပြန်ချက်တွေထဲမှာဖော်ပြထားပါတယ်။

Zalen ad

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကတော့ အခုလိုတိုက်ခိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို အထောက်အပံ့ဖြစ်စေသူတွေ ကြိုတင်ဟန့်တားခြင်းတယ်လို့ ဆိုပါတယ်။

Zawgyi

ခ်င္းကာကြယ္ေရးပူးေပါင္းတပ္နဲ႔ ကသည္းသူပုန္ေတြတိုက္ခိုက္စဥ္ ကသည္းသူပုန္ ၂ ေယာက္ေသဆုံးဟုဆို

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္ စဲနမ္ေက်းရြာ (Senam) အနီးမွာစခန္းခ်တဲ့ အိႏၵိယနိုင္ငံ မဏီပူရ္ျပည္နယ္ခြဲထြက္ေရးလက္နက္ကိုင္ PLA (People Liberation Army) ရဲ့ ၂၅၂ တပ္ရင္းကို ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က ဇန္နဝါရီလ ၁၃ ရက္မနက္က သြားေရာက္တိုက္ခိုက္ရာ ကသည္းသူပုန္ဘက္က ၂ ေယာက္ေသဆုံးတယ္လို႔ မဏီပူရ္အေျခစိုက္သတင္းေတြမွာေဖာ္ျပထားပါတယ္။

ကသည္းသူပုန္ ၂ ေယာက္ဟာ ဗုံးထိမွန္လို႔ေသဆုံးတာျဖစ္ၿပီး ၄င္းတို႔နာမည္ကေတာ့ အသက္ ၃၃ ႏွစ္အရြယ္ Chingangbam Koktummani နဲ႔ အသက္ ၃၃ ႏွစ္အရြယ္ Khaidem Indramani တို႔ျဖစ္ေၾကာင္းသိရတယ္။

ယင္းတိုက္ပြဲမွာ ခ်င္းအမ်ိဳးသားတပ္ဦးဘက္က ဗိုလ္ႀကီးတစ္ေယာက္ က်ဆုံးသြားပါတယ္။ ၄င္းထံကေန AK 47 ေသနတ္တစ္လက္၊ ေရဒီယိုတစ္ခု၊ ေျမပုံေတြသိမ္းဆည္းရမိတယ္လို႔ PLA ေတြကေျပာပါတယ္။

ကသည္းသူပုန္ PLA တပ္ေတြကေတာ့ အိႏၵိယစစ္တပ္က နယ္စပ္ကိုေက်ာ္ၿပီး လာေရာက္တိုက္ခိုက္သြားတယ္လို႔ ထုတ္ျပန္ခ်က္ေတြထဲမွာေဖာ္ျပထားပါတယ္။

ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဘက္ကေတာ့ အခုလိုတိုက္ခိုက္တာဟာ အာဏာသိမ္းစစ္ေကာင္စီတပ္ကို အေထာက္အပံ့ျဖစ္ေစသူေတြ ၾကိဳတင္ဟန္႔တားျခင္းတယ္လို႔ ဆုိပါတယ္။

 

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်