ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်အတွင်းတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာ CNA ၁ ဦးကျဆုံးပြီး အိမ် ၃ လုံးပျက်စီး

ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ လိုင်လိုင်းပီ မြို့မှ ထယ်ဘွေ့ စခန်းသို့ အင်အားဖြည့်တင်းရန် တတ်လာသော စစ်ခွေး ၁၅၀ ခန့်အား မတ်လ (၁၂)နေ့ တွင် စခီဟာ‌ကျေးရွာနှင့် ၄ ဖာလုံခန့်အကွာ CDF- Palatwaမှ မိုင်းဆွဲဖြတ်တိုက်ရာ စစ်ခွေးဖက်မှ( ၁) ဦးသေဆုံးကာ (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာရပြီး မတ်လ (၁၃)ရက်နေ့ မနက် (၉)နာရီမှ နေ့လယ် (၁၁)နာရီထိ တစ်ကြိမ်၊ ညနေ (၃)နာရီမှ ညနေ (၅)နာရီ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်၊ CDF- Paletwa, CDF- matupi , CNAသုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ခွေးဖက်မှ (၇)ဦးထက်မနည်းသေဆုံးပြီး (၁၀) ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

CDF- Paletwa မှရဲဘော် (၁)ဦးဒဏ်ရာရ(စိုးရိမ်စရာမရှိ)၊ CNAဖက်မှ ရဲဘော်(၁)ဦး အသက်ပေးလှူသွားခဲ့ပါသည်။ စစ်ခွေးများအား ထယ်ဘွေ့စခန်းအဝင်လမ်းကြောင်းတ‌လျှောက်ပိတ်ဆို့ထားဆဲဖြစ်သည်။

စစ်ခွေးများ ၏ လက်နက်ကြီး ရမ်းတန်းပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပါသည်။ ပြည်သူများအားထိခိုက်မှု မရှိ လုံခြုံသည့်နေရာအား ရွေ့ပြောင်းနိုင်ခဲ့ပါသည်ဟု CDF- Paletwaက ယနေ့ မတ် ၁၄ ရက်တွင်ထုတ်ပြန်ပါသည်။

Zawgyi





နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်