ချင်းစာပေကို သြစတြေးလျတွင်သာမက အမေရိကန်တွင်လည်း သင်ကြားတော့မယ်

ချင်းတိုင်းရင်းသားစာကို သြစတြေးလျအစိုးရကျောင်းတွင်သာမက အမေရိကန်နိုင်ငံအစိုးရကျောင်းတွင်လည်း နောက်နှစ်ကစပြီး သင်ကြားတော့မယ်လို့သတင်းရရှိပါတယ်။

အမေရိကန်တွင် ချင်းတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ အင်ဒီယာနာပြည်နယ် Indiana University Bloomington တွင် ချင်း (ဟားခါး)စာပေကို ၂၀၂၁ ခုနှစ် ဇွန်လ (၇)ရက်မှ ဇူလိုင်လ (၂)ရက်နေ့ထိ အချိန်ပြည့်သင်ကြားပေးမှာဖြစ်ပါတယ်။

ယင်းအစီအစဉ်ကို နွေရာသီကာလသင်တန်းအနေနဲ့ဖွင့်လှစ်ထားတာဖြစ်ပြီး အသက် (၁၆)နှစ်မှ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေသာလက်ခံသင်ကြားမှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံတွင်နေထိုင်တဲ့ ချင်းတိုင်းရင်းသားအရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းရမ်လျန်ဆန်းက “နွေရာသီသင်တန်းဆိုပေမယ့် Credits ပေးမှာ။ Credits ပေးတာ အရေးကြီးတယ်။ သြစတြေးလျမှာဆိုရင် ချင်းစာပေကို အထက်တန်းနောက်ဆုံးနှစ်မှာ ချင်းကျောင်းသားတွေကယူကြတယ်။ သူတို့အမှတ်က တက္ကသိုလ်ဝင်ခွင့်ဖြစ်တဲ့ Australian Tertiary Admission Rank (ATAR) Score မှာအများကြီး အထောက်အကူဖြစ်စေတယ်” လို့ပြောပါတယ်။

Zalen ad

သြစတြေးလျနိုင်ငံတွင် ချင်းစာပေကို ချင်းတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ ဝိတိုရိယပြည်နယ်က Vactorian School of Languages ကျောင်းတွင် အထက်တန်းအဆင့်ထိသင်ကြားပေးနေပါတယ်။

သြစတြေးလျနိုင်ငံတွင် ချင်းစာပေကို ၂၀၁၀ ပြည့်နှစ်ကစပြီး ခုချိန်ထိ စနေနေ့တွင်သင်ကြားပေးနေပါတယ်။ အလယ်တန်းအဆင့်ထိ ချင်းစာပေကို မတူ၊ ဖလမ်း၊ မီဇိုး ဘာသာရပ်တွေသင်ကြားပြီး ဟားခါးဘာသာရပ်ကို အထက်တန်းအထိသင်ကြားပါတယ်။

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားစာပေကို ဦးနေဝင်းအစိုးရလက်ထက်ထိ အစိုးရကျောင်းတွင် ၄ တန်းထိသင်ကြားပေးမယ့် ဦးသန်းရွှေအစိုးရလက်ထက် ချင်းစာပေသင်ကြားမှုကိုပယ်ဖျက်ခဲ့ပါတယ်။ ယင်းကာလတစ်လျှောက် ချင်းစာပေကို ဘုရားကျောင်းများတွင် နွေရာသီကာလမှာ ဘာသာရေးအဖွဲ့အစည်းကဦးဆောင်ပြီး သင်ကြားပေးပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကစပြီး ချင်းစာပေကို အစိုးရကျောင်းတွင် ကျောင်းချိန်ပြင်ပမှာ ဒုတိယတန်းအထိသင်ကြားပေးနေပါတယ်။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်