ချင်းတိုင်းရင်းသား ငါးဦးနဲ့ ဖိလစ်ပိုင်ရှေ့နေ နှစ်ဦးက စစ်ကောင်စီခေါင်းဆောင်တွေကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဖို့လျှောက်ထား

ချစ်ခြင်းနွေ၊ ၂၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ၂၀၂၁ခုနှစ်က စစ်ကောင်စီတပ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စစ်ခေါင်းဆောင် ၁၀ဦးကို စစ်ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့ ချင်းတိုင်းရင်းသားငါးဦးနဲ့ ဖိလစ်ပိုင် ရှေ့နေနှစ်ဦးက ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုဖို့ အောက်တိုဘာ ၂၅ရက်နေ့မှာ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အလောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ် ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒုက္ခရောက်နေသူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒီကျူးလွန်မှုလုပ်ရပ်တွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို တိုင်ကြားစာပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်း စာနာမှု အက်ဥပဒေ အရ တိုင်ကြားလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေဟာ ကမ္ဘာ့ ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တိုင်ကြားမှု ရှိလာရင် ဖိလစ်ပိုင်အစိုးရက ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

တိုင်းကြားသူ ချင်းတိုင်းရင်းသားတွေထဲမှာ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ နှစ်ခြင်းအသင်းတော် ခရစ်ယာန်အဖွဲ့ လူကြီး ဦးပူးရယ်တူးရဲ့ သမီးဖြစ်သူ နဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ရက်မှာ၊ မြန်မာစစ်တပ်က မီးရှို့သွားတဲ့ နေအိမ်တွေကို မီးငြှိမ်းဖို့ အသွားမှာ ပစ်သတ်ခံလိုက်ရတဲ့ ဘုန်းတော်ကြီး ဆန်ဘိုင်ဟန် တို့ရဲ့ တူဖြစ်သူတို့ ပါဝင်လို့ သိရပါတယ်။

ထန်တလန်မြို့ဟာ ၂၀၂၁ခုနှစ် စစ်တင်ဘာလကစတင်ပြီး ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲတွေကြောင့် မြို့လုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းကျော် ရှိနေပြီး ထန်တလန်မြို့ပေါ်က နေအိမ် နှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်