ချင်းတောင်ကနေ ဈေးဝယ်ဖို့ဆင်းလာသူတစ်ဦးထံ ငွေသိန်း ၃၀ နဲ့ဆိုင်ကယ်တွေ စစ်ကောင်စီတပ်ကလုယူသွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းဂိတ်မှာလုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ချင်းတောင်ကနေ ကလေးမြို့သို့ ဈေးဝယ်ဖို့ဆင်းလာတဲ့ အမျိုးသားတစ်ဦးထံ သိန်း ၃၀ နဲ့ ဆိုင်ကယ်တွေလုယူတဲ့အပြင် ည ၁၂ နာရီထိ ဖမ်းဆီးချုပ်နှောင်ထားကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် နေ့လည်ပိုင်းက တီးတိန်မြို့ကနေ ကလေးမြို့ကို အိမ်ဆိုင်အတွက်ဈေးဝယ်ဖို့ဆင်းလာတဲ့အမျိုးသားတစ်ဦးကို ခိုင်ကမ်းဂိတ်မှာလုံခြုံရေးကျနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ဆိုင်ကယ်ကိုရပ်တန့်ခိုင်းပြီးစစ်ဆေးကြပါတယ်။ ၎င်းအမျိုးသားက ဈေးဝယ်ဖို့ပါလာတဲ့ ငွေကျပ်သိန်း ၃၀၊ ၎င်းစီးလာတဲ့ ဆိုင်ကယ်နဲ့ အနွေးထည်အင်္ကျီ၊ ဘွတ်ဖိနပ်တွေကို ခိုင်ကမ်းဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကလုယူသွားကြတယ်လို့သိရတယ်။

ဒါ့ပြင် ၎င်းအမျိုးသားကို ခိုင်ကမ်းရဲစခန်းမှာချုပ်နှောင်ထားကြပြီး ယင်းည ၁၂ နာရီတွင် လက်ဗလာနဲ့ပြန်လွှတ်ကြပါတယ်။

အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက “သူ့ကို ညသန်ခေါင်းယံမှာပြန်လွတ်တော့ ခြေလျင်နဲ့ ညအိပ်တည်းမယ့်အိမ်လိုက်ရှာပေမယ့် ဘယ်သူမှ တံခါးမဖွင့်ရဲကြဘူး။ ဒါကြောင့် လမ်းဘေးမှာပဲ ညအိပ်သွားတယ်။ သူ့ပစ္စည်းတွေလည်း ပြန်မပေးကြဘူး။ သူက ဘာလက်နက်ကိုင်အဖွဲ့နဲ့မှ အဆက်အသွယ်လည်းမရှိဘူး” လို့ပြောပါတယ်။

Zawgyi

ခ်င္းေတာင္ကေန ေစ်းဝယ္ဖို႔ဆင္းလာသူတစ္ဦးထံ ေငြသိန္း ၃၀ နဲ႔ဆိုင္ကယ္ေတြ စစ္ေကာင္စီတပ္ကလုယူသြား

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ခိုင္ကမ္းဂိတ္မွာလံုျခံဳေရးေစာင့္ေနတဲ့ စစ္ေကာင္စီအဖြဲ႔ဝင္ေတြက ခ်င္းေတာင္ကေန ကေလးၿမိဳ႕သို႔ ေစ်းဝယ္ဖို႔ဆင္းလာတဲ့ အမ်ဳိးသားတစ္ဦးထံ သိန္း ၃၀ နဲ႔ ဆုိင္ကယ္ေတြလုယူတဲ့အျပင္ ည ၁၂ နာရီထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားၾကတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဧၿပီလ ၁ ရက္ ေန႔လည္ပိုင္းက တီးတိန္ၿမိဳ႕ကေန ကေလးၿမိဳ႕ကို အိမ္ဆိုင္အတြက္ေစ်းဝယ္ဖို႔ဆင္းလာတဲ့အမ်ဳိးသားတစ္ဦးကို ခိုင္ကမ္းဂိတ္မွာလံုျခံဳေရးက်ေနတဲ့ စစ္ေကာင္စီအဖြဲ႔ဝင္ေတြက ဆုိင္ကယ္ကိုရပ္တန္႔ခိုင္းၿပီးစစ္ေဆးၾကပါတယ္။ ၄င္းအမ်ဳိးသားက ေစ်းဝယ္ဖို႔ပါလာတဲ့ ေငြက်ပ္သိန္း ၃၀၊ ၄င္းစီးလာတဲ့ ဆုိင္ကယ္နဲ႔ အေႏြးထည္အကၤ်ီ၊ ဘြတ္ဖိနပ္ေတြကို ခိုင္ကမ္းဂိတ္မွာတာဝန္က်တဲ့ စစ္ေကာင္စီအဖြဲ႔ဝင္ေတြကလုယူသြားၾကတယ္လုိ႔သိရတယ္။

ဒါ့ျပင္ ၄င္းအမ်ဳိးသားကို ခိုင္ကမ္းရဲစခန္းမွာခ်ဳပ္ေႏွာင္ထားၾကၿပီး ယင္းည ၁၂ နာရီတြင္ လက္ဗလာနဲ႔ျပန္လႊတ္ၾကပါတယ္။

အမည္မေဖာ္လိုတဲ့သတင္းရင္းျမစ္တစ္ဦးက “သူ႔ကို ညသန္ေခါင္းယံမွာျပန္လြတ္ေတာ့ ေျခလ်င္နဲ႔ ညအိပ္တည္းမယ့္အိမ္လုိက္ရွာေပမယ့္ ဘယ္သူမွ တံခါးမဖြင့္ရဲၾကဘူး။ ဒါေၾကာင့္ လမ္းေဘးမွာပဲ ညအိပ္သြားတယ္။ သူ႔ပစၥည္းေတြလည္း ျပန္မေပးၾကဘူး။ သူက ဘာလက္နက္ကိုင္အဖြဲ႔နဲ႔မွ အဆက္အသြယ္လည္းမရွိဘူး” လုိ႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်