ချင်းတော်လှန်ရေးခေါင်းဆောင် ဝမ္မသူးမောင်းပန်းခြံအတွက် စတင်မြေတိုင်းပြီး မကြာမီ အုတ်တံတိုင်ကာမယ်

၂၀၁၉၊ နိုဝင်ဘာလ (၉)
မင်းတပ်မြို့အဝင်တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဝမ္မသူးမောင်းပန်းခြံအတွက် နိုဝင်ဘာ (၈)ရက်တွင် မြေတိုင်းပြီး မကြာမီ ပန်းခြံအုတ်တံတိုင်ခတ်တော့မယ်လို့ သတင်းရရှိပါတယ်။

ယင်းတိုင်းတာချက်အရ ပန်းခြံဟာ ၃ ဒသမ ၄၂ ဧက (၁၅၄၆ ပေပတ်လည်)ရှိပါတယ်။

ဝမ္မသူးမောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော် ဥက္ကဌ ဆလိုင်းကီးရှိန်က “မနေ့က မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ မြေတိုင်းကြတယ်။ မနက်ဖြန် မြေစာရင်းပုံထွက်မယ်။ ကျနော်တို့အခု ဆွဲထားတဲ့ပုံအတိုင်းထွက်လာရင်တော့ ကော်မတီပြန်ထိုင်ပြီး ဧရိယာဆုံးဖြတ်ပြီးတာနဲ့ ခြံအုတ်တံတိုင်ခတ်မယ်။ အခုလည်း အုတ်သဲကျောက်တွေ၊ သံတွေချထားတယ်။ ခြံကာဖို့က လမ်းအရှေ့ဘက်တစ်လျှောက်ပဲခတ်အုံးမယ်။ ပြီးတော့ ဝမ္မသူးမောင်းကြေးရုပ်ထားမယ့် ရင်ပြင်ကို အရင်လုပ်မယ်” လို့ပြောပါတယ်။\

ဝမ္မသူးမောင်းပန်းခြံနှင့် ကြေးရုပ်အတွက် ပြည်တွင်းနဲ့ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေထံ အလှူငွေတွေကောက်ခံနေပါတယ်။

Zalen ad

ဦးဝမ္မသူးမောင်းကြေးရုပ် နှင့်ပန်းခြံပြုလုပ်ရန် ၂၀၁၆ ခုနှစ်ကစတင်လုပ်ဆောင်ပေမယ့် အကြောင်းအမျိုးမျိုးအစီအစဉ်ရပ်တန့်ကာ အခုတဖန် မြို့နယ်အုပ်ချုပ်ရေး နဲ့ ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်စီစဉ်ရခြင်းဖြစ်ပါတယ်။ ဦးဝမ္မသူးမောင်းကြေးရုပ်ကို အမြင့် ၆ ပေ၊ အကျယ် ၃ ပေ နဲ့ အုတ်တိုင်းအမြင့် ၉ ပေပြုလုပ်ရန် စီစဉ်ထားပါတယ်။

(Zawgyi)

ခ်င္းေတာ္လွန္ေရးေခါင္းေဆာင္ ဝမၼသူးေမာင္းပန္းၿခံအတြက္ စတင္ေျမတိုင္းၿပီး မၾကာမီ အုတ္တံတိုင္ကာမယ္

Photo: Pa Cawng facebook

၂၀၁၉၊ ႏိုဝင္ဘာလ (၉)
မင္းတပ္ၿမိဳ႕အဝင္တြင္ ခ်င္းေတာ္လွန္ေရးေခါင္းေဆာင္ ဝမၼသူးေမာင္းပန္းၿခံအတြက္ ႏိုဝင္ဘာ (၈)ရက္တြင္ ေျမတိုင္းၿပီး မၾကာမီ ပန္းၿခံအုတ္တံတိုင္ခတ္ေတာ့မယ္လို႔ သတင္းရရွိပါတယ္။

ယင္းတိုင္းတာခ်က္အရ ပန္းၿခံဟာ ၃ ဒသမ ၄၂ ဧက (၁၅၄၆ ေပပတ္လည္)ရွိပါတယ္။

ဝမၼသူးေမာင္း ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္ ဥကၠဌ ဆလိုင္းကီးရွိန္က “မေန႔က ၿမိဳ႕နယ္တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ သြားၿပီးေတာ့ ေျမတိုင္းၾကတယ္။ မနက္ျဖန္ ေျမစာရင္းပုံထြက္မယ္။ က်ေနာ္တို႔အခု ဆြဲထားတဲ့ပုံအတိုင္းထြက္လာရင္ေတာ့ ေကာ္မတီျပန္ထိုင္ၿပီး ဧရိယာဆုံးျဖတ္ၿပီးတာနဲ႔ ၿခံအုတ္တံတိုင္ခတ္မယ္။ အခုလည္း အုတ္သဲေက်ာက္ေတြ၊ သံေတြခ်ထားတယ္။ ၿခံကာဖို႔က လမ္းအေရွ႕ဘက္တစ္ေလွ်ာက္ပဲခတ္အုံးမယ္။ ၿပီးေတာ့ ဝမၼသူးေမာင္းေၾကး႐ုပ္ထားမယ့္ ရင္ျပင္ကို အရင္လုပ္မယ္” လို႔ေျပာပါတယ္။

ဝမၼသူးေမာင္းပန္းၿခံႏွင့္ ေၾကး႐ုပ္အတြက္ ျပည္တြင္းနဲ႔ ျပည္ပေရာက္ ခ်င္းတိုင္းရင္းသားေတြထံ အလႉေငြေတြေကာက္ခံေနပါတယ္။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ ႏွင့္ပန္းၿခံျပဳလုပ္ရန္ ၂၀၁၆ ခုႏွစ္ကစတင္လုပ္ေဆာင္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးအစီအစဥ္ရပ္တန႔္ကာ အခုတဖန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး နဲ႔ ေဒသခံျပည္သူမ်ား ပူးေပါင္းကာ ျပန္လည္စီစဥ္ရျခင္းျဖစ္ပါတယ္။ ဦးဝမၼသူးေမာင္းေၾကး႐ုပ္ကို အျမင့္ ၆ ေပ၊ အက်ယ္ ၃ ေပ နဲ႔ အုတ္တိုင္းအျမင့္ ၉ ေပျပဳလုပ္ရန္ စီစဥ္ထားပါတယ္။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်