ချင်းတွင်းမြစ်အတွင်းမတော်တဆ ခရီးသည်လှေတစ်စီး မှောက်လို့ခရီးသည် ရာချီပျောက်ဆုံးနေ

စက်တင်ဘာ၊၁၉၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊မေက္ကတော်ရွာအနီး ချင်းတွင်းမြစ်ထဲမှာ ယနေ့စက်တင်ဘာ ၁၉ ရက် မနက်၉နာရီခန့်တွင် မတော်တဆနစ်မြုပ်ပြီး ခရီးသည် ရာချီပျောက်ဆုံးကြောင်း ဒေသခံများဆီက သိရပါတယ်။

ဒေသခံတစ်ဦးက ”လှေနစ်မြုပ်တဲ့ထဲမှာ ကလေးငယ်တွေ၊ဝန်ထမ်းတစ်ချို့၊နိုင်ငံခြားမှာ အလုပ်လုပ်ဖို့သွားတဲ့တချို့ပါတယ်။ အခုထိတော့ လူ ၁၀၀ကျော်ပျောက်ဆုံးနေသေးတယ်”လို့ ပြောပါတယ်။

ခရီးသည်အများစုက ခန္တီးဘက်ကလို့သိရပြီး ကျောက်စိမ်းသယ်တဲ့လှေအုပ်စုနဲ့ လိုက်လာကြတာလို့သိရတယ်။ မနေ့ညက မင်းကင်းအောက်ဖက်မှာ ညအိပ်ကြပြီး ဒီမနက်မှ ယာဉ်ပြန်ထွက်တာလို့သိရပါတယ်။

Zalen ad

ဒေသခံရေယာဉ်လုပ်သားတစ်ဦးက “လှေက ကဲ့နက်တောင်ခြေမှာမြုပ်သွားတာ။ အဲဒီနေရာက ရေကြောင်းအပြောင်းလဲ အမြဲရှိလို့ ရေတက်ချိန်၊ ကျချိန်တွေမှာ ဂရုစိုက်မောင်း နေကြရပါတယ်”လို့ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေးရေးတွေ လုပ်ဆောင်နေဆဲဖြစ်လို့ သေဆုံး၊ ပျောက်ဆုံးမှုစာရင်းကိုလည်း အတည်မပြုနိုင်သေးပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်